{Unicode}... ဒီသီချင်းက.
ပျိုး အတွက်ပါ...။***
နံနက်ပိုင်း...
၈နာရီ...
"ကျောင်းသွားတော့မှာလား?"
"ဟုတ်တယ်... ပျိုးငယ် ဒီတစ်ပတ် အိမ်ကို ပြန်လာမယ်နော် အစ်ကို..."
"အင်း ကျောင်းက အပြန် တစ်ခါတည်း လိုက်ခဲ့လေ...။ ကျောင်းကို လာကြိုမယ်..."
"ဟုတ်ကဲ့ အစ်ကို... ဒါဆို ပျိုးငယ် ကျောင်းသွားတော့မယ်နော်.."
"အင်း... ဘာမှ မဖြစ်စေနဲ့.."
"ဟုတ်ကဲ့ပါ အစ်ကို..."
ထို့နောက် ပျိုးငယ်ဘက်က vc ကျသွားလေပြီ...။ လိုင်းပေါ်မှာ ရှိနေသေးလား တစ်ချက် ကြည့်လိုက်မိသည်...။ လိုင်းပေါ်က ဆင်းသွားတာ ကြာပြီဆိုမှ အိမ်အောက်သို့ ဆင်းလာခဲ့မိသည်...။ ပျိုးငယ် ဟိုမှာ ရှိနေကတည်းက အိပ်မပျော်တာ အတော်များပြီ ဖြစ်သည်...။ အိမ်ပေါ်မှ ပုဆိုးကို ပြင်ဝတ်ပြီး ဆင်းလာမိတော့ အိမ်အောက်မှာ လူတစ်စု တစ်ချက်မျှသာ ကြည့်ပြီး စိတ်မဝင်စားတာမို့..
ခေါင်းမှ ဆံပင်များကို လက်ကြားဖို့ ထိုးဖွလိုက်ရင်းမှ မျက်နှာသစ်ဖို့ ရေကန်အနားဆီသို့ သွားမိသည်...။ ဒီရက်ပိုင်း ပျိုးငယ် မရှိကတည်းက ဘယ်သူနဲ့မှ စကားမပြောဘဲ တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တာမျိုးပင်...။ ပျိုးငယ် ငါက မင်းမရှိရင် တကယ် အဆင်မပြေတာ....။
မျက်နှာသစ်ပြီး မျက်နှာသုတ်ကာ မီးဖိုခန်းထဲမှာ ဝင်ဖို့ ကြိုးစားမိသည်... ။ ထိုအချိန်မှာပင် အိမ်အောက်မှ လူတစ်စုအကြားမှ အမေက ...
"ငဦး... သားရေ ဒီကို ခဏလာဦး..."
အိမ်အောက်မှ အမေ့အသံကို ကြားလိုက်သည့် အချိန်မှာတော့ မီးဖိုချောင်ထဲ ဝင်နေရင်းမှ အသံလားရာ အမေ့ဆီသို့ တစ်ချက်ကြည့်လိုက်မိသည်...။
"လာ... ဒီကို ခဏ လာဦးလို့..."
မီးဖိုခန်းထဲကနေ ရပ်ကြည့်နေသည့် ကျွန်တော့်ကို အမေက နောက်ထပ်တစ်ခါ ထပ်ပြီးခေါ်တဲ့ အချိန်မှာတော့ ကျွန်တော်လည်း ထိုနေရာသို့...။