{Unicode}
( Matur3 al3rt...)
... မှတ်ထား...
ပျိုးပင်ငယ်...
မင်းလူက မင်းကို ရူးနေအောင်ချစ်တာ...***
နံနက်ပိုင်း...
"ပျိုးငယ်ရေ... ဒီကို ခဏ...။"
ကိုတရုတ်ကြီး မင်္ဂလာဆောင်မှာတော့ ကျွန်တော်တို့ ကန်တော့်အုပ်တင်ဖို့ ကိစ္စများဖြင့် ရှိနေပြီ ဖြစ်သည်...။
အစ်ကိုကတော့ တစ်ဖက်ရွာကို ကန်တော့အုပ်တင်ဖို့ အင်တင်တင်ဖြစ်ပေမယ့် သူ့သူငယ်ချင်း ကန်တော့အုပ်တင်ဆိုတော့ မလွန်ဆန်နိုင်တာလည်း ဖြစ်မယ်ထင်သည်...။
"ဟုတ်... မမကေသီ...။"
"မနက်ဖြန် စောစောလေး လာခဲ့နော်...။ ဒီမှာ လုပ်စရာရှိတာ... စောစောလုပ်ရအောင်...။ ဒါနဲ့ ငဦးကိုရော အသိပေးထားလား?"
"ဟုတ်ကဲ့... ဟိုနေ့က ကိုတရုတ်ကြီး လာပြောတာတော့ ဘာမှတော့ မပြောဘူး။ အစ်ကိုက လိုက်ခိုင်းမယ် ထင်ပါတယ်...။"
"အမလေး... အဲ့ဒါဆိုလဲ သေချာလေးပြောထားပါဦးဟယ်...။ ငဦး ဒေါသက နည်းနည်းပါးပါး မဟုတ်ဘူး...။"
"ဟုတ်ကဲ့ပါ မမကေသီ... စိတ်မပူပါနဲ့... ပျိုးငယ် အစ်ကို့ကို နိုင်ပါတယ်...။"
ထိုအချိန်မှာတော့ မမကေသီက သူ့မျက်နှာကို မဲ့ရွဲ့ကာဖြင့်...
"အမလေး... ထိန်းနိုင်ပါတယ်နဲ့... နွားသိုးကြိုးပြတ်... အလုပ်ခံလိုက်ရသော...ညများ....။"
မမကေသီရဲ့ ရှင်းရှင်းဘွင်းဘွင်း ပြောသံအဆုံးမှာတော့ ကျွန်တော်လည်း မျက်နှာထူပူလာပြီး....
"မမကလည်း... မဟုတ်ပါဘူး...။ ပျိုးငယ်က... အစ်ကိုက ဒီအတိုင်း...။"
ကျွန်တော်က စကားကို အဆုံးမသတ်ဘဲ ဟိုရောက်ဒီရောက်ဖြစ်စဉ်မှာတော့ မမကေသီကလည်း....
"မသိရင် ခက်မယ်... ဟိုကလဲ မင်း ထိန်းမှရမယ် ဘာညာနဲ့... နောက်ဆုံးတော့လည်း အဟမ်းကျတာပဲ....။"
"မမကလဲ..."
"မမကလဲ လုပ်မနေနဲ့... သွား... အိမ်ကိုပြန်တော့...။ ဟိုက မတွေ့ရင် ဓားဆွဲထွက်လာဦးမယ်...။"