{Unicode}
.... ပျိုးငယ်ကို ထိတဲ့သူကို...
ငါက ဒီအတိုင်း ထားမယ် ထင်လို့လား?***
ယခင်အပိုင်းမှ အဆက်...
ကားကို တတ်နိုင်သမျှ အရှိန်ထိန်းကာ မောင်းနှင်နေမိသည်...။ ထို့အပြင် အနောက်ဘက် အခန်းမှ အစ်ကိုဦးနှင့် ပျိုးငယ် အခြေအနေကို ကြည့်နေမိသည်...။
အစ်ကိုဦး မျက်နှာကတော့ အတော်လေးကို အပူများပြီး နာကျင်ရမှန်း မသိသည့် လူတစ်ယောက်လိုပင် ဖြစ်နေခဲ့သည်...။ သူကိုယ်ပေါ်မှာလည်း သွေးစတို့ စီးဆင်းနေခဲ့သည်....။
"အစ်ကိုဦး.. ဆေးရုံက ရှေ့နားဆို ရောက်ပါပြီ..."
စိုးရိမ်ပူပန်လွန်းနေသည့် အနေအထားတစ်ခုမှာတော့ စိတ်ချနိုင်ရေးအတွက် ပြောလိုက်ပေမယ့် အစ်ကိုဦးကတော့ ကြံရာမရသည့် အဆုံး... ပျိုးငယ် လည်ပင်းမှ ဓားဒဏ်ရာပေါ်သို့ သူ့မျက်နှာကို သိုဝှက်လျက်....
ကျွန်တော်လည်း ရုတ်တရက် စိတ်လှုပ်ရှားသွားပြီး...
"အစ်ကိုဦး... ဘာ...ဘာဖြစ်လို့လဲဟင်?"
"........"
တစ်ဖက်က ဘာအသံမှ တုံ့ပြန်မလာပေမယ့်... လည်ပင်းထက်မှ သူ့မျက်နှာကို ခွာလိုက်သည့် အချိန်မှာတော့ ပါးစပ်အနားတစ်ဝိုက်မှာ သွေးစတွေ...
".... အ...အစ်ကိုဦး... ဘယ်...ဘယ်လိုဖြစ်တာလဲ?"
အစ်ကိုဦးကတော့ ဘာကိုမှ ခေါင်းထဲ ရှိနေဟန် မရှိဘဲ ပျိုးငယ်လည်ပင်းမှ သွေးစများကိုပါ စုပ်ငင်လိုက်တာမို့ ကျွန်တော်လည်း ကြက်သိမ်းများပင် ထ သွားရတော့သည်....။
မိနစ်အနည်းငယ်...အကြာ
ဆေးရုံက လူနာကုတင်ပေါ်မှာ အိပ်ပျော်နေသည့် အကောင်အထည်ကို အစ်ကိုဦးက တွေတွေကြီး ကြည့်နေသည်...။ ပျိုးငယ် အခြေအနေက တော်သေးသည်... လည်ပင်းမှာ ဖြတ်တောက်ခဲ့သည့် ဓားရာက အစ်ကိုဦး ကိုယ်တိုင် အဆစ်လွဲအောင် လုပ်ထားလို့ အားမပါသည့် လက် ဖြစ်သွားတာ ကံကောင်းသည်...။
ပြီးတော့ ပြတ်ရှရာက နည်းပေမယ့် လည်ပင်းဖြစ်နေလို့ သွေးစများက မနိုင်ဖြစ်နေတာမျိုးပင်...။ ဒါပေမယ့် အချိန်မီသွားတယ် ပြောရမလား? ဆေးရုံရောက်တော့ ပျိုးကို သွေးတတ်အောင် လုပ်နိုင်ခဲ့သည်...။