အပိုင်း (၁၃)

8.9K 470 85
                                    


{Unicode}


... ကံကြမ္မာဆိုးဆိုတာ...
မဖိတ်ခေါ်ဘဲ ရောက်လာတတ်သည့် အရာ...

***

A little Warning...

{N- ဒီအပိုင်းဖတ်ပြီး ကျုပ်ကို အထန်ကြီး အထီးကျန်လို့ ပြောရင် ... ကျုပ်အကြောင်း ကောင်းကောင်း သိမယ်...}

အပိုင်း ၁၂မှ... အဆက်...

သူ့ကို ပွေ့ချီပြီးသည်နှင့် အပေါ်ကို တက်လာမိသည်...။ အခန်းထဲကို သွားလိုက်ပြီးသည့်နောက်မှာတော့ အခန်းတံခါးများကို ပိတ်လိုက်မိသည်...။အလုံပိတ်ထားသည့် အခန်းဆိုပေမယ့် အခန်းအရောင်က အလင်းရောင်သဲ့သဲ့ဖြင့် ရှိနေသေးသည်...။

ကျွန်တော်ကတော့ အစ်ကိုချပေးထားသည့် ကုတင်ပေါ်မှာပင် ရှိနေမိသည်...။ အစ်ကိုကတော့ ကျွန်တော့်ကို ခါးထောက်ပြီး မျက်မှောင်ကျုံ့ကာ ရှိနေသည်....။ဖြစ်ချင်တော့ ဘုန်းကြီးကျောင်းက ကိစ္စက ညနေ တစ်ဖက်ရွာက တရားနာများ ပြန်တော့ သူ့ရင်ခွင်ထဲမှာပင် မှေးခိုနေသည့် ကျွန်တော့်ကို တကူးတက လာကြည့်သွားသည့် အနေအထား.....။

အစ်ကိုက ထိုအရာကြောင့်ပင် ကျွန်တော့်ကို လူများသည့် နေရာကို သေချာလေးကို မသွားခိုင်းခဲ့တာ ဖြစ်သည်....။အခုတော့ အစ်ကိုနှင့် ကျွန်တော့် အိမ်ပေါ်မှာ ရှိနေပြီး တရားနာမှ ပြန်ပြီး အရီးလေးတို့ကတော့ အိမ်အောက်မှာ ရှိနေသည်....။

တရားနာက အပြန် ရွာကိုလာခဲ့ ဧည့်သည်များကို အစ်ကို့အမေ အရီးလေးပက အလည်လာဖို့ ဖိတ်ခေါ်ထားသည်မို့ အိမ်အောက်မှာတော့ စကားပြောသံများဖြင့်ဖြင့် ဆူဆူညံညံ ရှိနေခဲ့သည်...။ အစ်ကိုကတော့ အခန်းတံခါးကို ပိတ်ကာ ကျွန်တော့်ကို အချိန်အတော်ကြာ ရပ်ကြည့်နေခဲ့သည်...။ နံရံမှာ ထိုးထားသည့်အစ်ကို့ရဲ့ ဓားရှည်ကတော့ အရောင်တလက်လက် ထ၍ လင်းလက်နေခဲ့သည်....။

အစ်ကိုက ခဏအကြာမှာတော့ သူ ကျွန်တော့်ကို ငေးကြည့်နေရင်းမှ နံရံမှာ ဒီနေ့ သူကိုယ်တိုင် သွေးပြီး ထိုးထားသည့် ဓားတစ်ချောင်းကို ဆွဲထုတ်လာသည်....။ ခဏအကြာမှာတော့ သူ့ဓားကို တစ်ဖက်မှ ကိုင်ကာ ကျန်လက်တစ်ဖက်က မိမိ့မေးဖျားမှ ဆွဲယူကာ မော့စေသည်....။

မင်းက ငါ့မိန်းမဖြစ်လာမယ့်သူ (season-2)Where stories live. Discover now