{Unicode}... တစ်ခါတစ်လေ...
အချစ်ခံရတဲ့ သူတွေက...
ချစ်တယ်ဆိုတဲ့ ခံစားချက်ကို
ကောင်းကောင်းနားလည်မှာ မဟုတ်ဘူး....။***
စနေနေ့...
ပေးထားသည့်အတိုင်း ကျွန်တော့်ဘက်က အကြောင်းအရာကို ပြန်ပြီး ပြောချက်ကို စောင့်နေသည် ထင်သည်...။
အစ်ကို့ဆီကို ဖုန်းပြောပြီးသည်နှင့် အဆောင်နံဘေး ကျော်ကျော်မှာ ရှိနေသည့် ကားအနက်ကို အဆောင်ပေါ်မှ ကြည့်လိုက်မိသည်...။ ထို့နောက် ဆုံးဖြတ်ချက်တစ်ခုကို ခိုင်ခိုင်မာမာ ချပြီးသည့် နောက်မှာတော့... အဆောင်အောက်သို့ ဆင်းလာမိတော့သည်...။
ဦးရတုမိုရ်ရဲ့ လူယုံဖြစ်သည့် တစ်ယောက်က ဦးအောင်စည်ကတော့ ကျွန်တော် လာသည်နှင့် ကားတံခါးကို ဖွင့်ပေးလာသည်...။ ကျွန်တော်လည်း ကားပေါ်ကို တက်လိုက်ပြီးသည်နှင့်... မျက်နှာကို အတတ်နိုင်ဆုံး... တည်ထားမိတော့သည်....။
မိနစ်အနည်းငယ် အကြာ...
ရောက်ပါပြီ...
ကားပေါ်က ဆင်းလိုက်သည်နှင့် ဦးရတုမိုရ်ရဲ့ အိမ်တော်ကြီးကို ငေးကြည့်မိလိုက်သည်...။ဦးအောင်စည်က ကျွန်တော့်ကို ဦးရတုမိုရ် ရှိရာသို့... လိုက်ပို့ပေးသည်...။ ဦးရတုမိုရ်ကတော့ သူ့အခန်းထဲမှာပင် အေးဆေးစွာ ရှိနေသည်...။
"ဆရာ... ပျိုးပင်ငယ် ရောက်ပါပြီ..."
ထိုအချိန်မှာတော့ အလုပ်လုပ်နေသည့် ဦးရတုမိုရ်ရဲ့ အကြည့်က ကျွန်တော့်ဆီသို့ ရောက်လာလေပြီ...။ ထို့နောက် အပြုံးတစ်ချို့နှင့်အတူ...
"သြော်... လာခဲ့လေ...။ ဒီမှာ သားငယ် ပြန်နိုးလာပြီဆိုလို့..."
ကိုအောင်စည်ကတော့ ကျွန်တော့်ကို ဦးရတုမိုရ် မျက်နှာချင်းဆိုင် ထိုင်ခုံမှာ လိုက်ပို့ပြီးမှ အခန်းထဲက ထွက်သွားလေပြီ...။ အခန်းထဲမှာတော့ ကျွန်တော်နှင့် ဦးရတုမိုရ် နှစ်ယောက်တည်း....
ဦးရတုမိုရ်က သူ့ဖုန်းကို သူ့စားပွဲပေါ်သို့ ချထားပြီးသည်နှင့်...
"အန်ကယ် မေးထားတဲ့ ဆုံးဖြတ်ချက်လေး... အဲ့ဒီဘက်က ရပြီ ထင်ပါတယ်...။"