{Unicode}
... စွဲလမ်းစိတ်နဲ့
ကိုယ် အိပ်စက် မရနိုင်ပါ...
အလေးအနက်ထားပြီး
ငါ့ကို ချစ်ရဲ့လား?***
မင်းခိုက်ရတုမိုရ်...
"ဒယ်ဒီ... "
အမြဲတမ်း အလုပ်ခန်း၊ အစည်းအဝေးပွဲများမှာပဲ ကုန်ဆုံးနေခဲ့သည့် အဖေကို ဖခင်မေတ္တာငတ်ခဲ့ပေမယ့်... အရှိန်အဝါတစ်ခုကြောင့် လေးစားအားကျရတာမျိုး ရှိခဲ့ပါသည်...။
အမြဲတမ်း အကွက်မြင်တတ်ပြီး... အစီစဥ်တကျ လုပ်တတ်သည့် ဒယ်ဒီ့ကို အမြဲတမ်း လေးစားခဲ့ပေမယ့် အခုလိုမျိုး ကျွန်တော် ချစ်တဲ့သူမျိုးကို နာကျင်စေဖို့မဟုတ်...။
ဒယ်ဒီက ကျွန်တော့်ကို တွေ့လေတော့ သူ့လုပ်လက်စ အလုပ်များကို ဘေးဖယ်ကာ... ပြုံးကာ ကြည့်လာသည်...။
"Hello... My son...
Happy 22th Birthday ပါ...။ ဘယ်လိုလဲ? အဲ့ဒီမှာပဲ နားဖြစ်မယ် ထင်တာ...။ ဒယ်ဒီ အဲ့ဒီဟိုတယ်မှာ သားနေချင်သလောက် နေဖို့ booking လုပ်ပေးခဲ့တယ်...။ မွေးနေ့မှာ ပျော်ရွှင်ရဲ့လား သား..."ဒယ်ဒီကတော့ ဒီစကားအရဆို... ပျိုးကို ကျွန်တော့်ဆီကို ရောက်အောင် ပို့ပေးခဲ့တာပဲ ဖြစ်လိမ့်မည်...။ ဒယ်ဒီ့ အပြုံးများကို လျစ်လျူရှူ့လိုက်တာ....
"သားတို့ စကားပြောစရာတွေ ရှိတယ် ဒယ်ဒီ...။ အချိန်အနည်းငယ် ပေးလို့ရမလား?"
ကျွန်တော့်ရဲ့ ခပ်တည်တည် စကားတွေ နောက်မှာ ဒယ်ဒီကတော့ အနည်းငယ် မျက်နှာပျက်ယွင်းခဲ့ပေမယ့် ဟန်ဆောင်ကောင်းသည့် အသိုင်းအဝိုင်းမှာ ဆက်ဆံပတ်သတ်ရသည့် လူဖြစ်သည်မို့ ချက်ချင်းဆိုသလို သူ့မျက်နှာက... ပြုံးရွှင်နေခဲ့သည်....။
"ရတာပေါ့... ပျိုးပင်ငယ်က အခု ဘာဖြစ်လို့လဲ? သူရော တစ်ခါတည်း လိုက်မလာဘူးလား?"
ဒယ်ဒီကတော့ နောက်ဆုံးအချိန်အထိ ကျွန်တော့်အတွက် အတ္တတွေနဲ့ ရှင်သန်နေစေချင်တာပဲ...။
ဒယ်ဒီ့စကားများကို လျစ်လျူရှုကာ အခန်းထဲမှ ထိုင်ခုံပေါ်မှာ ထိုင်လိုက်မိသည်။ ဒယ်ဒီလည်း ကျွန်တော်အနား ရောက်လာပြီး ကျွန်တော်နှင့် မျက်နှာချင်းဆိုင်မှာ ထိုင်လာသည်....။