{Unicode}
... Babe...
တကယ်တော့ လူသတ်တယ်ဆိုတာ မုန်းလို့ အသတ်ခံရတာချည်းပဲ မဟုတ်ဘူး...။***
လအနည်းငယ် ကြာသော်...
တန်ဆောင်မုန်းလ...
ကထိန်ပွဲ...တန်ဆောင်မုန်းလ ရောက်လာသည်နှင့် ရပ်ရွာအလိုက် ကထိန်ပွဲများဖြင့် စည်ကားနေသည်...။ ပဒေသာအပင်များ... စာရေးတံမဲများဖြင့် အလှူရေစက် လက်နဲ့မကွာသော ကာလဖြစ်သည်...။
မကြာမီပင် ကျွန်တော်တို့ကတော့ ကျောင်းသွားတက်ရမည် ဖြစ်သည်...။ အစ်ကိုကတော့ ပြင်ဦးဘက်ကို သွားရမယ် ဖြစ်ပြီး ကျွန်တော်ကတော့ မကွေးဘက်မှာ တက်ရမည် ဖြစ်သည်...။
"အစ်ကို ... ပျိုးငယ်တို့ ငွေသားပဲ လှူမှာမလားဟင်?"
"အင်း..."
ထိုအချိန်မှာတော့ အစ်ကိုက အင်း တစ်လုံးဖြင့်သာ ခေါင်းကို ညိမ့်လျက်...။
နှစ်ယောက်သား လယ်ကွင်းများအပြည့် ဖြစ်နေသည့် နှမ်းပင်များနှင့် စပါးပင်များကို လာရောက်ကြည့်သည့် နေ့ပင်...။ တဲဘေးနား အပင်ခြေပိုင်းက သစ်ပင်တစ်ခုအပေါ် အစ်ကိုက ထိုင်ပြီး ကျွန်တော်ကတော့ ကျုံ့ကျုံ့ထိုင်ကာ အစ်ကို့ရင်ခွင်ထဲ တစောင်းအနေအထားဖြင့်....။
အစ်ကိုကတော့ ကျွန်တော့်ခါးမှ ခပ်ဖွဖွ ဖက်ထားပြီး ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော်ကတော့ ဘေးအနားက မြက်ရိုင်းတစ်ခုကို ယူ လက်မှာကိုင်ကာ ဝေ့ရမ်းနေမိသည်....။
ဖုံးတုံးလုံးတုံး တန်ဆောင်မုန်းရဲ့ဆောင်းလေပြေ ညှင်းညှင်းလေးက မိမိတို့နှစ်ယောက်အကြား တိုးဝှေ့ကျီဆယ်နေသည်မို့ ပူအိုက်မှုကို မခံစားရ...။ အဝေးက အခြားလယ်ကွက်များ၏ ကန်သင်းရိုးမှ ကိုင်းပင်များက လေယူရာအတိုင်း မျှောလွှင့်နေသည်....။
"ဘယ်လောက် လှူမှာလဲ... ပျိုးငယ်က စာရေးတံမဲပါ ထည့်ချင်တာ... အစ်ကို့အမည်နဲ့... "
"အင်း...."
"ပြီးတော့... ပျိုးငယ် ချိုချဥ်လည်း ကမ်းချင်တာ...။"
ထိုအချိန်မှာတော့ အစ်ကိုက ကျွန်တော့်ကို မျက်မှောင်ကျုံ့ကာ ကြည့်လာပြီး....