{Unicode}
... တကယ်တော့..
လေပြည်ဆိုတာ
မုန်တိုင်းတစ်ခုရဲ့ အစပါပဲ..။***
Life2Up General Hospital
အထူးကု ဆေးရုံကြီး...အထူးကုဆေးရုံကြီးရဲ့ အခန်းတစ်ခု အတွင်းမှာတော့ ကုတင်ပေါ်မှာ လဲလျောင်းပြီး အခုထက်ထိ သတိလည်မလာသေးသည့် သားဖြစ်သူပင်...။
သားဖြစ်သူ၏ အဖြစ်ကို မချိတင်ကဲ ငေးကြည့်နေမိသည်...။ မိခင်ရင်ခွင်နှင့် ကင်းကွာနေသော ကလေးဖြစ်သူမို့ ပိုပြီး ဂရုစိုက်ကာ အချစ်ပိုခဲ့သည့် သူပင်...။
ဘာလို့များ... ယောကျ်ားတစ်ယောက်အတွက် အဲ့လောက်တောင် ကိုယ့်ကိုကိုယ် စတေးဖို့ ခွန်အားတွေ ရှိနေခဲ့သည်လဲ?
မကြာမီပင် round လှည့်သည့် ဆရာဝန်နှင့်အတူ သူနာပြုတို့က ရောက်လာသည်မို့ မတ်တပ်ရပ်လိုက်ကာ သားဖြစ်သူ၏ အခြေအနေကို ငေးကာ ကြည့်မိသည်...။
"ဘာမှမဖြစ်ပါဘူး... ဦးရတုမိုရ်... ကျွန်တော်တို့ တတ်နိုင်တာထက် ပိုပြီး ကလေးကို စောင့်ရှောက်ပေးထားပါတယ်...။ အခြေအနေကိုလည်း အမြဲမပြတ် စောင့်ကြည့်နေပါတယ်...။ အလုပ်ကိစ္စတွေ ရှိရင် စိတ်ချပြီး ထားခဲ့လို့ ရပါတယ်..."
"ရပါတယ်... ဒေါက်တာ...။ ဦး ဒီမှာပဲ သားလေး သတိရတဲ့ အထိ စောင့်နေလိုက်ပါ့မယ်...။ အိမ်ကလည်း လူလဲ မလာသေးလို့ပါ..."
"သြော် ဟုတ်ကဲ့ပါ ဦးရတုမိုရ်...။ ဒါဆို ကျွန်တော်တို့ လိုအပ်တာတွေလည်း စစ်ကြည့်ပြီးခဲ့ပြီမို့ ကျွန်တော်တို့ တစ်ခြားလူနာ အခြေအနေတွေ သွားကြည့်မလို့ ခွင့်ပြုပေးပါဦးနော်...။"
"ဟုတ်ကဲ့ပါ ဒေါက်တာ..."
"ကလေး အခြေအနေကို အရမ်းကြီးလည်း မစိုးရိမ်ပါနဲ့ဗျ...။ သူ လိုအပ်တဲ့ သွေးပမာဏကို ကျွန်တော်တို့ ပြန်လည် ပေးသွင်းနိုင်ပါပြီ..။ အခုက ဆေးရှိန်ကြောင့် အိပ်ပျော်နေတာပါ...။ အခြေအနေ အားလုံးလညး ငြိမ်နေပါတယ်..."
"ဟုတ်ကဲ့ပါ ဒေါက်တာ ကျေးဇူးတင်ပါတယ်...။ သားလေး အခြေအနေကိုလည်း သေချာဂရုစိုက်ပေးလို့လည်း ကျေးဇူးအများကြီး တင်ပါတယ်...။"