{Unicode}
.. သူ ဘယ်လောက်ပဲ ဆိုးတယ်ပြောပြော
ပျိုးငယ်ကိုတော့
အသေချစ်တာမျိုးပါ...။***
တန်ခူး ကဆုန် ဆွေ့ဆွေ့ခုန်တဲ့...။
သိပ်ကို ပူပြင်းလှသည့် ဒီကာလအပိုင်းမှာတော့ သစ်ရွက်များက ညှာတံမှကြွေ... ရွက်ဟောင်းကြွေ... ရွက်သစ်များ လောင်းနေသည့် အချိန်ပင်...။သိပ်ကို ပူပြင်းသည့် ရာသီမှာတော့ အစ်ကိုက ကျွန်တော်နှင့်သူရဲ့ သီးသန့်ကမ္ဘာကို ကိုယ့်ဘာသာ ဖန်တီးတာမျိုးပင်...။
"ပျိုးငယ်... ရေမချိုးသေးဘူးလား?"
အခုလည်း မနက်စာအတွက် မီးဖိုခန်းထဲ ရှိနေရင်းမှ အစ်ကိုက မေးလာသည်။ ကျွန်တော်လည်း ချွေးတပျံပျံ အကြားကပင်...
"ဟုတ်... ပျိုးငယ်... မပြီးသေးဘူး အစ်ကို...။ ဒီဟင်း ကျန်သေးတယ် ဟီးဟီး..."
မီးဖိုခန်းထဲမှ ချက်လက်က အိုးကတော့ အနံ့လှိုင်လှိုင် ထနေပြီး တဗွက်ဗွက်ဆူညံသံနှင့်အတူ ပွက်ထ နေသည်။ အပြုံးလေးဖြင့် ပြောလာသည့် ပျိုးငယ်ကတော့ ခေါင်းပေါ်မှ ထုံးတင်ထားသည့် ဆံပင်များက အနည်းငယ် ပြေလျော့ဟန်ဖြင့် ချွေးစတို့က မေးဖျားမှ တွဲလဲခိုလျက်...။
ဒါကိုပင် သုတ်ကြားမရဘဲ ဟင်းအိုးအပေါ်ကိုသာ အာရုံစိုက်နေဟန် ရှိသည်...။ သူ့အပေါ်မှ ရှပ်ဖျင်အကျီ်အပါးလေးက ချွေးများဖြင့် စို့လျက်...။ သူ့ကြည့်ရတာ အရမ်းကို ပူနေဟန် ရှိပြီး ချွေးတမြိုက်မြိုက်ဖြင့်....။
ဒီအကောင်အထည်ကို နံဘေးမှ မွေးညှင်းတစ်ခုစီက အစ စစ်ကြည့်နေမိပြီး...
"တော်တော့... မချက်တော့နဲ့...။ တောထဲ သွားရအောင်...."
ထိုအချိိန်မှာတော့ ပျိုးငယ်က ကျွန်တော့်ကို ပြုံးကာ ကြည့်လာပြီး သူ့လက်ထဲက ယောင်းမကို ကိုင်ကာ...