{Unicode}
...မရဘူး...
တစ်ခြားဓား သုံးလို့မရဘူး... ။
ဒီ ဓားက မင်းအတွက် သီးသန့်မို့လေ...***
ယခင်အပိုင်းမှ အဆက်...
အရီးလေးတို့အိမ် ရောက်မိပြီးသည့်နောက် သူရှိရာသို့ တစ်ချက်လိုက်ကြည့်နေမိသည်...။
သူကတော့ ဘာကိုမှ အာရုံမစိုက်ဘဲ ပျိုးပင်ငယ် ရှိသည့် အချိန်တစ်ချိန်ပဲ အိမ်မှာ ရှိနေတတ်တာပင်...။ ပျိုးပင်ငယ် မရှိရင် သူ့ဘာသာ လူမရှုပ်ဘဲ တစ်ယောက်တည်း အေးအေးဆေးဆေး နေနိုင်သည့် နေရာကိုသာ....။
မိမိမှာတော့ သူ့ကို မျှော်လင့်ချက်နှင့်အတူ လာခဲ့ပေမယ့် သူကတော့ဖြင့် သူ့ဘာသာ တစ်ယောက်တည်း ရှိနေပုံက မိမိမာနနှင့်အတူ သဘောကျသည့်စိတ်ကို မခံချိ မခံသာ ဖြစ်စေသည်....။
"မေရီ... စိတ်မရှိဘူးဆိုရင် ကျွန်တော် မေးစရာလေး ရှိလို့ပါ...။"
အကြောဆေး သွင်းနေသည့် မေရီကတော့ ခေါင်းကို ညိမ့်လာပြီး....
"ရပါတယ်... ဆရာလေး... မေးလေ...။ ဘာမေးစရာ ရှိလို့လဲ?"
"စိတ်တောင် မရှိပါနဲ့နော်... ဒီအတိုင်း သိလိုစိတ်က လွဲပြီး ဘာမှမရှိပါဘူး...။"
"ဟုတ်ပါပြီ... ဆရာလေးရယ်...။ အရီးလေး သိသမျှ ဖြေပေးမယ်... ပြောသာပြောပါ... အားမနာနဲ့..."
မေရီက စကားလမ်းကြောင်း ဖွင့်ပေးလာသည့် အချိန်မှာတော့....
"ဟို... ရင်ဝယ်ဦးကလေ... ပျိုးပင်ငယ်နဲ့က အိမ်ထောင်ကျတာ သိပ်မကြာသေးဘူးဆို...။ ပြီးတော့ ရင်ဝယ်ဦးက ယူထားတာမျိုးလား? အခုရော သူတို့ဆက်ဆံရေးက အဆင်ပြေရဲ့လားဟင်?"