အခန်း ( ၁ )

3.1K 355 9
                                    

// Unicode //


“ဒေါက်တာလျို … လူနာက အရေးကြီးလက္ခဏာတွေ ဆုံးရှုံးနေပါတယ်…”

“ ECT လုပ်ဖို့ အသင့်ပြင်ထား…”

“ခဏ … အရေးကြီးလက္ခဏာတွေ ပြန်ပေါ်လာ ပါပြီ …”

“သွေးပေါင်ချိန် ဘယ်လောက်ရှိလဲ…”

“ ၈၀ ”

“သွေးခုန်နှုန်းရော…”

“ ၆၀ ”

“လူနာအခြေအနေ တည်ငြိမ်သွားပြီ … ခွဲစိတ်ဖို့ အသင့်ပြင်…”

ထူးဆန်းသော စကားဝိုင်းအသံများကို သူ့နားထဲတွင် ဝိုးတိုးဝါးတား ကြားနေရသည်။ လုလင်းရှီသည် သူ၏လေးလံနေသော မျက်ခွံတို့ကို ကြိုးစားဖွင့်လိုက်ချိန်တွင် သူ့ခေါင်းအထက်၌ အလွန်အမင်းစူးရှတောက်ပသော  အလင်းရောင်ကို မြင်လိုက်ရသဖြင့် မျက်လုံးများပင် ပြာဝေသွားတော့သည်။ သူ့ခေါင်းကို အနည်းငယ်လှုပ်လိုက်ကာ ၎င်းမှာအလွန်လေးလံနေသဖြင့် ဖြည်းဖြည်းချင်းသာ လှည့်ရပြီး သူ့ဘက်ဝန်းကျင်တွင်လည်း ထပ်နေသောမြင်ကွင်းများကိုသာ မပီမပြင်မြင်နေရ၏။  

ဒါ ဘယ်နေရာလဲ…။

လုလင်းရှီသည် ခဏမျှ စဉ်းစားလိုက်ပြီး သူ့ပတ်ဝန်းကျင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် အတော်လေး အားထုတ်လိုက်ရသည်။ သူ့အမြင်အာရုံမှာဝေဝါးနေပြီး မှတ်ဉာဏ်အပိုင်းအစများ ပြန်ပေါ်လာသဖြင့် မျက်လုံးများကို ပြန်မှိတ်လိုက်ရသည်။

ဟုတ်ပြီ…။ ဒါက ဆေးရုံမှာပဲ…။ သူ့အစ်ကိုရဲ့ ကျန်းမာရေးအခြေအနေက ပြန်ဆိုးလာလို့ ခွဲစိတ်မှုလုပ်နေရတာ…။  သူ့အစ်ကိုရဲ့ကျောက်ကပ်က အလုပ်မလုပ်တော့ဘူးတဲ့…။ ပြီးတော့ သူက သူ့အစ်ကို ကျောက်ကပ်အစားထိုးဖို့  အသင့်တော်ဆုံး ကိုယ်စားလှယ်လို့ ဆရာဝန်က ပြောတယ်…။

လုလင်းရှီသည် မျက်လုံးမှိတ်လိုက်သည်။ သူ့လက်ကို ဆုပ်ကိုင်ပြီး ငိုနေသော သူ့အမေ၏ပုံရိပ်တို့ကို တဖန်ပြန်မြင်ယောင်လာသည်။

“ရှောင်ရှီ… မင်းအစ်ကိုရဲ့ အခြေအနေက ပိုပိုပြီးဆိုးလာတယ်… မင်းက သူ့ကိုကယ်နိုင်တဲ့ တစ်ဦးတည်းသောသူပဲ… သူ့ကို ကယ်ပေးမယ် မလားဟင်…”

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now