အခန်း ( ၁၅ )

1.2K 266 9
                                    



// Unicode //




ရှောင်ဟွားယွမ်မှာ ပုံမှန်အားဖြင့် မနက် ၉ နာရီတွင် ဖွင့်လေ့ရှိသော်လည်း လုလင်းရှီက စောစော ရောက်နေသည်မို့ စောစောဖွင့်လိုက်သည်။

လိပ်တံခါးကို ပင့်တင်ပြီးနောက် အလင်းရောင်လိုအပ်သော ပန်းအိုးတစ်ချို့ကို တံခါးဆီ ရွှေ့လိုက်သည်။ လုလင်းရှီ ဆိုင်ကို သပ်သပ်ပြင်နေစဉ် တာ့ဟေးကို မွေးစားရန် သူ့ဆန္ဒကို ဝမ်စုရှို့နှင့် မည်သို့ပြောဆိုဆွေးနွေးရမည်ကို ချင့်ချိန်တွေးတောနေခဲ့သည်။ ဝမ်စုရှို့က ခွေးတွေကို ကြိုက်ပါ့မလား... ခွေးကို အိမ်မှာ ထားခွင့်ပြုလောက်လား... တာ့ဟေးက အိမ်နောက်ဖေးမှာ နေလို့ရပေမယ့် အိမ်နီးချင်းတွေကရော လက်ခံပါ့မလား...။

လုလင်းရှီ ခဏမျှ တုံ့ဆိုင်းနေပြီးနောက် ဝမ်စုရှို့ဆီ မက်ဆေ့ခ်ျတစ်စောင် အစမ်းပို့လိုက်သည်။

“ မား... ကျွန်တော် ခွေးတစ်ကောင် မွေးချင်တယ် "

Facial mask ကပ်နေသော ဝမ်စုရှို့မှာ သူမဖုန်းကို ယူပြီး တစ်ချက်ကြည့်လိုက်သည်။ ရှောင်ဟွားယွမ်နှင့် မျက်နှာချင်းဆိုင်တွင် pet ဆိုင်တစ်ဆိုင်ရှိကြောင်း လုလင်းရှီ ပြောပြောနေသည်ကို သူမ သတိရလိုက်သည်။ ဝမ်စုရှို့၏စိတ်ထဲတွင် pet ဆိုင်ရှိ ခွေးများမှာ Pekingese, Toy Poodles, Pugs ကဲ့သို့ အိမ်မွေးခွေးငယ်လေးများသာ ဖြစ်သည်။ အိမ်တွင် တစ်ကောင်ရှိနေလျှင်ပင် နေရာများများစားစား မယူသဖြင့် ရိုးရိုးရှင်းရှင်းသာ စာပြန်လိုက်သည်။

“ မင်း ကြိုက်ရင် မွေးလို့ရတယ် "

လုလင်းရှီသည် ဝမ်စုရှို့၏ ပြန်စာကို အံ့အားသင့်စွာ ကြည့်ရင်း တံခါးကို တွန်းဖွင့်လိုက်ပြီး လမ်းတစ်ဖက်က တုံကျစ်ဆီသို့ ပြေးသွားခဲ့သည်။


“ တုံကော... ကျွန်တော့်မားက တာ့ဟေးကို မွေးစားဖို့ သဘောတူတယ် "

သူ ပြောပြီးသည်နှင့် တုံကျစ်၏ဆိုင်တွင် အခြားလူတစ်ယောက်ရှိနေကြောင်းကို သဘောပေါက်သွားခဲ့သည်။ မနေ့က တာ့ဟေးကို ခေါ်လာခဲ့သော ယန်ယွဲ့အမည်ရှိ လူပင်။


Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now