အခန်း ( ၁၃ )

1.5K 309 28
                                    


// Unicode //


လွှဲပြောင်းမှုက ချောချောမွေ့‌မွေ့ပင် ပြီးသွားခဲ့သည်။ ရှောင်ဟွားယွမ်မှာ သေးငယ်ပြီး လွှဲပြောင်းရမည့်အရာ များစွာမရှိပေ။ ၎င်းက ဆိုင်ထဲက ပန်းများ အပင်များကို မည်သို့ ဂရုစိုက်ရမည်ကို ရှင်းပြပေးရရုံမျှသာ ဖြစ်သည်။ လုလင်းရှီကို ရှာတွေ့ခဲ့သဖြင့် တုလင်းမှာ အမှန်တကယ်ကို စိတ်သက်သာရာ ရသွားခဲ့သည်။ သူမ၏ကိုယ်ဝန်မှာ မွေးဖွားခါနီးပြီဖြစ်သဖြင့် လွှဲပြောင်းပြီးလျှင် ဆိုင်သို့ မကြာခဏလာရန်မှာ မဖြစ်နိုင်တော့သဖြင့် ဒီအတိုင်း ညွှန်ကြားသူသာလုပ်ရန် ဆုံးဖြတ်လိုက်သည်။

သူမ၏ ကိုယ်ပိုင်ဖုန်းနံပါတ်နှင့် အိမ်ဖုန်းနံပါတ်ကို လုလင်းရှီထံ ချန်ထားခဲ့ပြီးနောက် တုလင်းသည် ဆိုင်၏ ငွေကြေးစီမံမှုကို လုလင်းရှီအား ရှင်းပြကာ ထုပ်ပိုးပြီး ထွက်ခွာသွားခဲ့သည်။ သူမ လုလင်းရှီ ပိုက်ဆံနှင့်ထွက်ပြေးသွားမည်ကို မစိုးရိမ်ပေ။ တစ်ချက်က လုလင်းရှီက ယိဟန်သူငယ်ချင်းဖြစ်ပြီး ယိဟန်က အလေလိုက်ရသည်ကို နှစ်သက်သော်လည်း ယုံကြည်ရဆဲ ဖြစ်သည်။ နှစ်ချက်က နှစ်ကြိမ်မျှ တွေ့ဆုံပြီးနောက် လုလင်းရှီက သူမအပေါ် အလွန်ကောင်းမွန်သော ထင်မြင်ချက်များကို ချန်ရစ်ထားခဲ့သည်။ မနေ့က သူတို့တွေ့ကြစဉ် ခံစားချက်က အလွန်မသိသာသော်လည်း ယနေ့တွင် တုလင်းမှာ မနက်ခင်းမအီမသာဖြစ်မှုကြောင့် အနည်းငယ် ငြီးစီစီဖြစ်နေခဲ့သည်။ သို့သော် လုလင်းရှီဘေး၌ အချိန်အနည်းငယ် ရပ်နေပြီးနောက် သူမ၏စိတ်ခံစားချက်တို့မှာ သိသိသာသာ ငြိမ်သက်သွားခဲ့သည်။

တုလင်း ထွက်သွားပြီးမှ ယိဟန်မှာ စိတ်လျော့နိုင်တော့သည်။ သူသည် ရှောင်ဟွားယွမ် အဝင်ဝရှိ ကြိမ်ကုလားထိုင်ပေါ် စိတ်ပျက်လက်ပျက် ထိုင်ချလိုက်ပြီး ကာစတန်မာတစ်ဦးအဖြစ် ဟန်ဆောင်ကာ ကျယ်ကျယ်လောင်လောင် အော်ပြောလိုက်သည်။

“ လောပန်... မင်းတို့ဆိုင်မှာရှိတဲ့ တန်းဖိုးအကြီးဆုံးပန်းကို ဒီကို ယူလာခဲ့စမ်း "

လုလင်းရှီက ရေခရားငယ်တစ်ခုကိုကိုင်ကာ ဆိုင်ထဲရှိပန်းများကို ရေဖျန်းနေပြီး သူ့ကို အာရုံစိုက်ရန် အချိန်မရှိပေ။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now