အခန်း ( ၂၂ )

1.5K 276 15
                                    




// Unicode //




ယန်ယွဲ့သည် ရှောင်ဟွားယွမ်၌ နာရီဝက်ခန့် နေပြီးနောက် ပြန်သွားခဲ့သည်။ သူ့ အတွင်းစိတ်က အရှက်မဲ့စွာ ဆက်နေချင်နေသော်လည်း သူ့ဆင်ခြင်တုံတရားက ထိုသို့ လုပ်ခွင့်မပြုပေ။ တာ့ဟေးကို လာကြည့်ဟန်ဆောင်ပြီး လုလင်းရှီကို တချက်တချက်ခိုးကြည့်နေရသော အခြားသောနေ့များနှင့်ယှဉ်လျှင် ယနေ့သည် အပိုဆုကြေး ဖြစ်နေပြီဖြစ်သည်။

ယန်ယွဲ့ ထွက်သွားသောအခါ လုလင်းရှီသည် သူ့ကို တံခါးဝအထိ လိုက်ပို့ပြီး သူ့ကို နောက်တစ်ကြိမ် ကျေးဇူးတင်စကား ထပ်ပြောလိုက်သည်။

“ မစ္စတာယန်... ကျေးဇူးတင်ပါတယ် "

လုလင်းရှီ၏အမူအရာမှာ ရိုးသားပြီး သူ့မျက်လုံးများထဲတွင် ယုံကြည်မှုနှင့် ကျေးဇူးတင်မှုတို့နှင့် ပြည့်နှက်နေပေသည်။ ယန်ယွဲ့ သူ့ကို ဤကဲ့သို့တွေ့လိုက်ချိန် သူ့ခံစားချက်တို့မှာ လှိုင်းထန်သွားခဲ့သော်လည်း ၎င်းကို မဖော်ပြနိုင်သဖြင့် သူ့စိတ်လှုပ်ရှားမှုတို့ကို ထိန်းချုပ်လိုက်ကာ အနည်းငယ် ခေါင်းညိတ်ပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

“ အဲလောက်ထိ ယဉ်ကျေးနေဖို့မလိုပါဘူး... ကိုယ့်ကို ယန်ယွဲ့လို့ပဲခေါ်ပါ... ရပါတယ် "

လုလင်းရှီသည် သူ့မျက်လုံးများ လခြမ်းကွေးသွားအထိ ပြုံးလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တို့မှာ အပေါ်သို့ ပင့်တတ်သွားကာ နာနာခံခံနှင့် ပြောလိုက်သည်။

“ ယန်တာ့ကော "

ကောင်လေး၏အသံမှာ အလွန်ကြည်လင်ပြတ်သားပြီး “ ယန်တာ့ကော " ဟူသော အသံမှာ ယန်ယွဲ့၏နှလုံးသားကို လက်သည်းနှင့် ကုတ်ခြစ်နေသကဲ့သို့ပင်။ သူ့နှလုံးသားတို့ ယားယံလာပြီး ကောင်လေးကို ဤကဲ့သို့ ထပ်ခါထပ်ခါ ခေါ်စေချင်နေ၏။ ကံကောင်း‌ထောက်မစွာ သူ့ခေါင်းတို့ မချွတ်ယွင်းနေသေးသဖြင့် ကောင်လေး၏ကြည်လင်နေသော မျက်လုံးတို့နှင့် ဆုံလိုက်ချိန် သူ့ပါးစပ်မှ ထွက်ခါနီး စကားလုံးတို့ကို ပြန်မျိုချလိုက်ရသည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now