အခန်း ( ၄၀ )

786 117 5
                                    



// Unicode //




ဟန်ကျန်းမင်နှင့် လုလင်းရှီတို့က အသိအကျွမ်းများဖြစ်သည်။ ဟန်ကောက ရှောင်ဟွားယွမ်၏ ပုံမှန်ဖောက်သည်တစ်ယောက်ဖြစ်ရုံသာမက ရှောင်ဟွားယွမ်၏ အမာခံပရိသတ်တစ်ယောက်လည်းဖြစ်သည်။

အသက် ၄၀ ကျော် အမျိုးသားတစ်ဦးအနေဖြင့် ဟန်ကျန်းမင်သည် မိသားစုထဲက လူကြီး လူငယ်များကို စောင့်ရှောက်နေရသော မိသားစု၏ကျောရိုးဖြစ်ပြီး လူမှုသိပ္ပံစစ်တမ်းအရ တာဝန်ဝတ္တရားဖိအားအများဆုံးရှိသောအုပ်စု၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ တစ်ချိန်က သူ့တွင် အခြေအနေဆိုးရွားသော နေ့ရက်များ ရှိခဲ့သည်။ အိမ်ရှိ လူအိုကြီးက အနည်းငယ် အဆင်မပြေဖြစ်ပြီး ဆေးရုံတင်လိုက်ရသည်။ ကလေး၏ ကောလိပ်ဝင်ခွင့်စားမေးပွဲကလည်း အတော်လေး မချောမွေ့ခဲ့ပေ။ အလုပ်ကအရာများကလည်း သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေပြီး သူအနှစ်သက်ဆုံး ကလစ်ဗီးယားပင်က သေခါနီးဖြစ်နေပုံ ပေါ်နေသည်။ များစွာသော ကိစ္စဝိစ္စများ စုပုံလာသဖြင့် ဟန်ကျန်းမင်းမှာ အတော်လေး ခွန်အားမဲ့နေသလို ခံစားလိုက်သည်။ သို့သော် လောင်ချန်သူ့ကို ရှောင်ဟွားယွမ်သို့ ခေါ်သွားပြီး ကလစ်ဗီးယားပင်ကို ကယ်တင်လိုက်သည့်အချိန်မှစပြီး အရာအားလုံး ပြောင်းလဲသွားပုံရသည်။ လူအိုကြီးက ပြန်ကောင်းလာပြီး ဆေးရုံဆင်းခွင့်ရလိုက်ကာ ကလေးကလည်း သူ့အတန်းပိုင်ဆရာ၏ အကြံပေးမှုဖြင့် ကျောင်းပြန်တက်ရန် အဆင်သင့်ဖြစ်နေပြီး အလုပ်ကလည်း ချောမွေ့လာခဲ့သည်။

ထို့နေက သူ၏ တွန့်တိုပြီး ကပ်စေးနဲသော သူဌေးက ရုံးပတ်ဝန်းကျင်ကို အလှဆင်ရန် အပင်အနည်းငယ် ဝယ်ချင်ကြောင်း ရုတ်တရင် ပြောလာသည်။ ပန်းများ အပင်များကို အလွန်ချစ်မြတ်နိုးသူတစ်ဦးအနေဖြင့် ဟန်ကျန်းမင်သည် ဤအလုပ်ကို သဘာဝကျကျပင် လက်ခံလိုက်သည်။ သူ့အတွေးထဲ ပထဆုံးဝင်လာသည်က ရှောင်ဟွားယွမ်ဖြစ်ပြီး လုလင်းရှီကို ယုံကြည်သဖြင့် သူဌေးက ထုတ်ပေးသော ဘတ်ဂျက်ကို တွန့်ဆုတ်ခြင်းမရှိဘဲ သုံးစွဲလိုက်သည်။

ရှောင်ဟွားယွမ်၏ ပို့ဆောင်မှုအရှိန်မှာ အလွန်မြန်ဆန်ပြီး အပင်အိုးများကို အချိန်တိုအတွင်း ပို့ဆောင်လာခဲ့သည်။ ဤအိုးများကို နေရာချပြီးနောက် ပထမရက်အနည်းငယ်တွင် ထူးထူးခြားခြားတစ်စုံတစ်ရာ မရှိသော်လည်း မကြာမီ ရုံးပတ်ဝန်းကျင်မှာ ပိုမိုကောင်းမွန်လာကြောင်းကို ဟန်ကျန်းမင် သတိပြုမိလိုက်သည်။ သူ တစ်ယောက်တည်းမဟုတ်ပဲ တခြားလုပ်ဖော်ကိုင်ဖက်များသည်လည်း ဤကဲ့သို့ ခံစားရသည်။

You've reached the end of published parts.

⏰ Last updated: Mar 19 ⏰

Add this story to your Library to get notified about new parts!

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now