အခန်း ( ၁၂ )

1.1K 253 1
                                    

// Unicode //





ည၏မှောင်မိုက်ခြင်းတို့ကို နံနက်ခင်းအလင်းရောင်က ချိုးဖြတ်ဝင်ရောက်လာခဲ့သဖြင့် တစ်ညလုံးအိပ်မောကျနေသော မြို့ကြီးမှာ စတင်နိုးထလာခဲ့သည်။ ယန်ယွဲ့ သူ့လက်ထဲကစီးကရက်ကို မီးငြိမ်းလိုက်ပြီး သက်တောင့်သက်သာဖြစ်စေရန် ရေချိုးလိုက်သည်။ ၆ နာရီထိုးသည်နှင့် အောက်ထပ်က ထမင်းစားခန်းထဲတွင် ဝတ်စုံအပြည့်နှင့် ပေါ်လာခဲ့သည်။

ထမင်းစားခန်းထဲတွင် ယန်ယွဲ့၏အဘိုး ယင်ယုံသဲ့က စားပွဲ၌ ထိုင်နေပြီဖြစ်သည်။ ယင်ယုံသဲ့မှာ ဆံပင်အဖြူနှင့် လူအိုကြီးတစ်ယောက်ဖြစ်သော်လည်း ကျန်းမာသန်စွမ်းကာ သွက်လက်တတ်ကြွသည်။ အသက်အရွယ်ရလာခြင်းကြောင့် ဖြစ်နိုင်သည် သူ၏ အိပ်ချိန်မှာ နည်းသထက်နည်းလာပြီး နေ့တိုင်း မနက် ၅ နာရီထိုးသည်နှင့် နိုးနေပြီဖြစ်သည်။ သူသည် ဘောက်ဆင်အနည်းငယ်ထိုးပြီး ပန်းများကို ဂရုစိုက်ပြီး ၆ နာရီထိုးသည်နှင့် မနက်စာ စစားတော့သည်။

“ အားယွဲ့... ကောင်းကောင်းအိပ်ပျော်ရဲ့လား "

ယင်ယုံသဲ့က ကြင်နာစွာ မေးလိုက်သည်။

ယန်ယွဲ့၏ နှုတ်ခမ်းထောင့်မှာ အနည်းငယ် တွန့်ကွေးသွားခဲ့သည်။

“ ကောင်းပါတယ် "

ယင်ယုံသဲ့က ပြုံးပြီး သူ့ဘေး၌ ဝင်ထိုင်ရန် ယန်ယွဲ့ကို လက်ဟန်ပြလိုက်သည်။

“ အားယွဲ့... မင်း ဒီနေ့ ဘာအစီအစဉ်ရှိလဲ... မရှိဘူးဆိုင်ရင် ဒီအဘိုးကြီးနဲ့ မနက်ခင်း လမ်းလျောက်တာ အဖော်လိုက်ခဲ့လေ... နေ့လည်ကျရင် မင်းအမေ လာလိမ့်မယ်... ငါတို့ အတူတူ ညစာစားလို့ရတာပေါ့ "

“ ကောင်းပြီ "

ယန်ယွဲ့၏ အမူအရာမှာ ထူးမခြားနားပင် ဖြစ်ပြီး နှုတ်ခမ်းထက်က အကွေးပင်လျှင် မပြောင်းလဲသွားခဲ့ပေ။

ယင်ယုံသဲ့မှာ သူ့ကိုကြည့်ပြီး ရင်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။ အစမှ အဆုံးထိ ယန်ယွဲ့၏အပြုံးမှာ အပြစ်အနာဆာကင်းသော်လည်း ယန်ယွဲ့၏မျက်လုံးများတွင် ပျော်ရွှင်မှုအရိပ်အမြွက် အနည်းငယ်မျှပင် သူ မတွေ့ခဲ့ရပေ။ တိတ်တဆိတ်သာ သက်ပြင်းချရင်း သူ ထိုအကြောင်းကို မဟတော့ဘဲ မနက်စာအကြောင်းအရာကိုသာ အလွယ်တကူ ခေါင်းစဉ်ပြောင်းလိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now