အခန်း ( ၃၅ )

595 120 4
                                    



// Unicode //




“ ယန်တာ့ကော... ဒေါက်တာစု "

လုလင်းရှီက ကားထဲမှ ဆင်းလာပြီး ယဥ်ကျေးစွာ နှုတ်ဆက်လိုက်သည်။

သူတို့နှစ်ယောက်ကို သိသာကွဲပြားသော ရည်ညွှန်းပုံကြောင့် ယန်ယွဲ့က စိတ်ထဲမှ ကျေနပ်သွားခဲ့သည်။ လုလင်းရှီ တံခါးဖွင့်နေသည်ကို မြင်သောအခါ ယန်ယွဲ့က စုလန်ကို အိမ်ရှင်က ဧည့်သည်ကို ဖိတ်ခေါ်သည့်လေသံမျိုးဖြင့်‚

“ လာ အထဲဝင်ထိုင်... ရှောင်ရှီက  ဆိုင်ကို ကောင်းကောက်း သန့်ရှင်းရေးလုပ်ထားတယ်... အဲဒီ နွေဦးသစ်ခွက ရောင်းထွက်သွားပြီဖြစ်ပေမယ့် မင်း တခြားအပင်တွေကို ကြည့်လို့ရတယ် "

စုလန်က သူ ယန်ယွဲ့နှင့် စကားစမြည်ပြောပြီးခါနီးပြီဖြစ်ပြီး လုလင်းရှီကလည်း တစ်ယောက်ယောက်ကို ခေါ်လာပြီး အလုပ်ရှုပ်နေမှန်း သိလိုက်သဖြင့် ပြန်ရန်ပြင်လိုက်ချိန် ယန်ယွဲ့၏စကားကြောင့် သူ့ခြေလှမ်းကို ရပ်တန့်လိုက်သည်။ လူအိုကြီးက ဤပန်းပင်များ အပင်များကို ကြိုက်နှစ်သက်သော်လည်း သူတို့အိမ်ခြံဝင်းထဲတွင် ဟိုဟိုဒီဒီရွေ့ရန် ခက်ခဲသော သို့မဟုတ် အလွန်ကြီးမားသော အပင်များကိုသာ စိုက်ပျိုးထားသည်။ ထို့ကြောင့် ဆေးရုံပြတင်းပေါက်၌ ထားရန်သင့်လျော်သော အပင်တစ်မျိုးမျိုးကို ဝယ်သွားရမည်။ သို့မှသာ လူအိုကြီးက နေ့တိုင်းကြည့်နိုင်ပြီး စိတ်အခြေအနေကောင်းနေလိမ့်မည်။

ဩဂုတ်လ၌ဖြစ်သောကြောင့် ယနေ့ရာသီဥတုမှာ ပူနွေးစိုစွတ်ပြီး တိမ်ထူကာ လေထုမှာလည်း ငြိမ်သက်နေသည်။ လေပြင်လေညှင်းတို့ မရှိသဖြင့် လူတိုင်း အတော်လေး ပူလောင်ပြီး အသပ်ရှုမဝ ဖြစ်နေကြသည်။ ရှောင်ဟွားယွမ်တံခါးကို ဖွင့်လိုက်သည်နှင့် စိမ်းစိုအေးမြသောအခန်းက သူတို့ကို ကြိုဆိုနေခဲ့သည်။ စိုထိုင်းပြီး ပိတ်လှောင်သောလေထုမှာ အပင်စိမ်းစိမ်းများထံမှ တွန်းထုတ်ခံလိုက်ရသကဲ့သို့ လူတိုင်း အသက်ရှူဝလာကြသည်။ တံခါးဝ၌ ရပ်နေရင်း လူတိုင်းသည် တံခါးသေးသေးလေးက ရှောင်ဟွားယွမ်ကို အပြင်လောကနှင့် ခွဲခြားထားသလို ခံစားလိုက်သည်။ မတူညီသော ကမ္ဘာနှစ်ခုကဲ့သို့ပင်၊ တစ်ခုက မွန်းကျပ်ပိတ်လှောင်နေပြီး တစ်ခုက စိမ်းစိုအေးမြနေသည်။

Pastoral Daily Life ||ဘာသာပြန်||On viuen les histories. Descobreix ara