အခန်း ( ၁၁ )

1.2K 232 1
                                    

// Unicode //



အခန်း ( ၁၁ )

ကာစတန်မာမှာ အနည်းငယ်ထွားကြိုင်းပြီး ထိပ်ပြောင်နေသော သက်လတ်ပိုင်းလူတစ်ဦးဖြစ်သည်။ သူ အလောတကြီး ပြေးလာရခြင်းကြောင့် သူ၏ထိပ်ပြောင်နေသော ခေါင်းမှာ ချွေးများ ရွှဲနေလေသည်။


တုလင်း ထိုလူကို သိသိသာသာပင် သိနေပြီး အလျင်အမြန် နှုတ်ဆက်လိုက်သည်။

“ ချန်ကော... ဘာဖြစ်လို့လဲ "

ချန်ကော ဟုခေါ်သော ခပ်ထွားထွားလူမှာ သူ့ခေါင်းပေါ်က ချွေးများကိုသုတ်ရန် စိတ်မရှိနေဘဲ  သူ့ရင်ခွင်ထဲ၌ ပိုက်ထားသော ဇာလီးယားပန်းပင်ကို တုလင်းကို ပြရန် အလျင်အမြန် ဆွဲထုတ်လာခဲ့သည်။

“ နောက်ဆုံးအကြိမ်တုန်းက ငါဝယ်ခဲ့တဲ့ ဒီဇာလီးယားအိုးကို မှတ်မိသေးတယ် မလား "

တုလင်း ခေါင်းညိတ်လိုက်သည်။ ချန်ကောလက်ထဲက ဇာလီးယားပင်၏ အမည်အပြည့်အစုံမှာ ဘယ်လ်ဂျီယံ ဇာလီးယား ဖြစ်ပြီး ၎င်း၏ကြီးမားပြီး ဆွဲဆောင်မှုရှိသောပန်းပွင့်များနှင့် တစ်နှစ်ပတ်လုံး ဖူးပွင့်နိုင်သည့်အချက်ကြောင့် ပန်းဈေးကွက်တွင် အလွန်လူကြိုက်များသော မျိုးစပ်ပင်တစ်ပင် ဖြစ်သည်။ ၎င်းတို့၏ ပန်း အရောင်များပေါ်မူတည်ပြီး ဘယ်လ်ဂျီယံ ဇာလီးယားများသည် အမျိုးအစား အမျိုးမျိုးရှိကြသည်။ ချန်ကောလက်ထဲက အိုးမှာ ‘ Racehorse ' အမျိုးအစားဖြစ်သည်။ ၎င်း၏ပန်းပွင့်များသည် များသောအားဖြင့် အဖြူရောင်ဖြစ်ပြီး အနားသတ်တွင် ပန်းရောင်‌သန်းနေကာ ပန်းအူတိုင်အနီးတွင်လည်း ရံဖန်ရံခါ အနီရောင် အစက်အပြောက်များရှိသဖြင့် ကြည့်ရသည်မှာ မျက်စိပဒေသာ ဖြစ်လှသည်။


“ ဒီပန်းအိုးက ဘာဖြစ်လို့လဲ "

တုလင်းက မေးလိုက်သည်။

ချန်ကောသည် ပန်းအိုးကို စားပွဲပေါ်တွင် ဂရုတစိုက် ချထားပြီး စိတ်အားထက်သန်စွာ ပြောလာခဲ့သည်။

“ ဘာမှားနေလဲ ငါလည်းမသိဘူး... ပန်းပွင့်တွေက အရမ်းကြွေနေတယ်... ကြည့် ပန်းပွင့်တာ ရက်ပိုင်းပဲရှိသေးတယ် ကုန်လုနီးပါးဖြစ်နေပြီ "

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now