အခန်း ( ၆ )

1.5K 294 6
                                    

// Unicode //

အခန်း ( ၆ )

ညအနည်းငယ်မျှ ညှဥ်းပန်းနှိပ်စက်ဒဏ်ခံရပြီးနောက် လုလင်းရှီသည် အဆောင်ထဲက ဟောက်သံများနှင့် နေသားကျသွားခဲ့သည်။ တစ်ညတာ ကောင်းကောင်းအိပ်ပျော်ခဲ့ရပြီးနောက် စောစောထက ဆေးရုံအနောက်ဘက်ရှိ ပန်းခြံငယ်သို့ လမ်းလျောက်ထွက်ရန် စဉ်းစားလိုက်သည်။

ဖုန်းချန်၏အကြီးဆုံးဆေးရုံဖြစ်သည်နှင့် အညီ ဖုန်းချန် အမှတ် ( ၁ ) ဆေးရုံသည် ဆေးဘက်ဆိုင်ရာအဆောက်အအုံ၊ ပြင်ပလူနာဌာန၊ အတွင်းလူနာဌာန စသည့် အဆောက်အဦးများစွာ ရှိပြီး ဧရိယာအလွန်ကြီးမားသည်။ အတွင်းလူနာဌာန၏အနောက်ဘက်တွင်လည်း ပန်းခြံငယ်တစ်ခု သီးသန့်လုပ်ထားကာ လူနာများ အနားယူရန်နေရာတစ်ခုလုပ်ထားသည်။ ၎င်းက လုလင်းရှီ၏ပန်းတိုင် ဖြစ်သညါ။

မနေ့က ဆေးရုံဧည့်ခန်းမရှိ ရွှေလာငွေလာပင်များကို စမ်းသပ်ပြီးနောက် လျှို့ဝှက်ဆန်းကြယ်သော အဖြူရောင်ဘောင်ကွက်မှာ အဆောင်ထဲက သဇင်မင်းပင်ကိုသာမက အခြားအပင်များကိုလည်း ပြသနိုင်သည်ကို ရှာတွေ့ခဲ့သည်။ သူသည် စမ်းသပ်မှုဆက်လုပ်ရန် ပန်းခြံသို့ သွားချင်ခဲ့သော်လည်း ညနေစောင်းနေပြီဖြစ်၍ ပန်းခြံထဲတွင် လူများလွန်းနေမည်ဖြစ်ကာ တစ်ယောက်ယောက်က ၎င်း၏တည်ရှိမှုကို မြင်သွားမည်စိုးသဖြင့် သူ၏စိတ်ကူးကို ဘေးဖယ်ထားလိုက်ရသည်။နံနက်စောစော မိုးလင်းခါနီးတွင် လုလင်းရှီမှာ အိပ်မရတော့ဘဲ ထိုအကြောင်းကိုသာ စိတ်ရောက်နေခဲ့သည်။ အဖြူရောင်ဘောင်ကွက်မှာ အပင်ထောက်လမ်းကိရိယာနှင့် တူပြီး သူက ထိုထောက်လှမ်းကိရိယာကို ကိုင်ဆောင်ထားသော အပင်ဆရာဝန်နှင့်တူသည်ဟု ခပ်ရေးရေးခံစားနေရသည်။ ဤဝိသေသလက္ခဏာအသစ်က သူ့အား အပင်များနှင့် ပြောမပြနိုင်အောင် နီးကပ်နေစေသည်။

လုလင်းရှီသည်  ရေအမြန်ချိုးလိုက်ပြီး အဝတ်အစားဝတ်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။ ဇူလိုင်လဖြစ်၍ ပန်းခြံထဲတွင် ပန်ဒါပန်းများ ပွင့်လန်းနေလေသည်။ အရောင်စုံ ပန်းပေါင်းစုံတို့သည် သူ့ထက်ငါအပြိုင် ငွားငွားစွင့်စွင့် ပွင်းဖူးနေကြပြီး နွေးထွေးသော လိမ္မာဝါရောင် နေရောင်ချည်ထဲတွင် ယိမ်းနွဲ့နေကြသည်။ ထိုသို့ အရောင်အသွေးစုံလင်သော မြင်ကွင်းသည်  လူအများကို စိတ်ရွှင်လန်းစေသည်။

Pastoral Daily Life ||ဘာသာပြန်||Onde as histórias ganham vida. Descobre agora