အခန်း ( ၂၆ )

889 161 6
                                    



// Unicode //





ယန်ယွဲ့က ကုန်ကျစရိတ်အားလုံးကို ပေးဆောင်မည် ဖြစ်သဖြင့် လုလင်းရှီက တစ်ပြားတစ်ချပ်မှ ပေးစရာမလိုပေ။ သူက သူ့အရည်အချင်းနှင့်သာ ရင်းနှီးမြှုပ်နှံရမည်ဖြစ်သည်။ အမှန်တကယ်‌တော့ ယန်ယွဲ့သည် ဘဏ်ကတ်ထဲက ယွမ် ၃ သိန်းကို သူ့ အစောပိုင်း ရင်းနှီးမြှုပ်နှံမှုအဖြစ်ယူဆပြီး ပြန်လက်ခံမည် မဟုတ်ပေ။ သို့သော် လုလင်းရှီက ထိုအ‌ဆိုပြုချက်ကို လက်မခံပေ။ ကုန်ကျစရိတ်ကို နှစ်ယောက်လုံး တစ်ယောက်တစ်ဝက် ပေးဆောင်ရမှာဖြစ်ပြီး ယန်ယွဲ့က ရှောင်ဟွားယွမ်၏ အဓိကရှယ်ယာရှင်ဖြစ်လိမ့်မည်ဟု ဆို၏။ လုလင်းရှီသည် သူ ယန်ယွဲ့ဆီကနေ အခွင့်ကောင်းယူနေသည်ဟု ခံစားနေရသည်။ အကုန်ကုန်ပြောရလျှင် သူ့လက်ထဲက ပိုက်ဆံအားလုံးမှာ အမှန်တကယ်တော့ ယန်ယွဲ့ ပိုက်ဆံများသာ ဖြစ်သည်။

အခြားလူများ အချင်းချင်းပူးပေါင်းဆောင်ရွက်ကြသောအခါ ၎င်းတို့ ဆုံးရှုံးရမည်ကို စိုးရိမ်ကြသည်။ သို့သော် ဤနှစ်ယောက်သား ပူးပေါင်းဆောင်ရွက်ကြသောအခါ အခြားတစ်ဖက်က ဆုံးရှုံးမည်ကို စိုးရိမ်နေကြသည်။ ဟိုတွန်း ဒီပို့ ခဏမျှလုပ်ပြီးနောက် လုလင်းရှီသည် ယန်ယွဲ့ကို စကားနိုင်မလုနိုင်သဖြင့် သူ ခြေတစ်လှမ်း နောက်ဆုတ်ကာ ရှယ်ယာကို သူတို့နှစ်ယောက် တစ်ယောက်တစ်ဝက် တန်းတူယူကြရန် သဘောတူလိုက်ရသည်။ ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူညီချက်ရပြီးနောက် လုလင်းရှီသည် စာရွက်အလွတ်တစ်ရွက်ယူပြီး သဘောတူညီချက်စာချုပ်တစ်ခုကို ဂရုတစိုက်ရေးကာ လက်မှတ်ထိုးပြီး ယန်ယွဲ့ကို ပေးလိုက်သည်။ ယန်ယွဲ့သည် ကောင်လေးကို အပိုင်သိမ်းရန် ဆုံးဖြတ်ချက်ချထားပြီးဖြစ်သဖြင့် သဘောတူညီချက်စာချုပ်ကို ရိုးရိုးရှင်းရှင်းပင် ဘေးဖယ်ထားလိုက်သည်။ သေချာသည်ကတော့ သူသည် ကောင်လေးက သူ့ကို မျက်လုံးများ လခြမ်းကွေးသည်အထိ ပြုံးပြနေသည်ကို မြင်လိုက်ရပြီး တစ်ဆက်တည်း ကောင်လေး၏နှုတ်ခမ်းထောင့်မှ ပါးချိုင့်သေးသေးလေးကိုပင် အမှတ်မထင် မြင်တွေ့လိုက်ရသည်။

ယန်ယွဲ့၏ နှလုံးသားမှာ မုန်တိုင်းထန်သွားပြီး ကောင်လေးကို ချက်ချင်း ဆွဲနမ်းပစ်လိုက်ချင်သော်လည်း ကောင်လေး၏ကြည်လင်သန့်ရှင်းသော မျက်လုံးတို့ကို တွေ့လိုက်ရသောအခါ သူ့စိတ်တို့ကို ချုပ်တည်းလိုက်ရသည်။

Pastoral Daily Life ||ဘာသာပြန်||Onde as histórias ganham vida. Descobre agora