အခန်း ( ၃၄ )

820 155 9
                                    





// Unicode //



ယိဟန်၏ကားမှာ သူ ပြောသလိုပင် စုတ်သည်ဟု ထင်ရသော်လည်း အတော်လေးတော့ မြန်သည်။ လုလင်းရှီမှာ မျက်စိတမှတ်အတွင်းဟုသာ ခံစားလိုက်ရကာ  သူတို့ မြို့အပြင်ကို အပြေးအလွားသွားပြီး အပြေးအလွှားပြန်လာခဲ့ကာ အားလုံးပြီးသွားချိန် မနက် ၉ နာရီပင် မထိုးသေးပေ။

ရှောင်ဟွားယွမ် တံခါးဝသို့ ရောက်သောအခါ တာ့ဟေးမှာ ကားပင် အပြည့်အဝမရပ်သေးမီ ကားပြတင်း‌ပေါက်ကနေ အသည်းအသန်ခုန်ဆင်းသွားဖြင့် လုလင်းရှီက စိုးရိမ်တကြီးနှင့် ခေါင်းပြူထွက်ကာ တာ့ဟေးကို တစ်ချက်ကြည့်လိုက်သည်။ အပြင်ဘက်၌ စိတ်အားတတ်ကြွစွာ ကန်ကျောက်နေသည်ကိုမြင်ပြီး ကားထဲမှာကဲ့သို့ မအီမသာဖြစ်နေပုံမပေါ်သဖြင့် လုလင်းရှီက သက်ပြင်းတစ်ချက်ချလိုက်သည်။

ယိဟန်က ကားရပ်ရန် စောင့်နေရင်း ကားသော့ကို ဂုဏ်ယူနေဟန်ဖြင့် ဆွဲထုတ်ကာ လုလင်းရှီအား မျက်ခုံးပင့်ကာ ပြောလိုက်သည်။

“ ဘယ်လိုနေလဲ "

လုလင်းရှီမှာ အချိန်အတော်ကြာ ပြောစရာမရှိ ဖြစ်သွားကာ တွန့်ဆုတ်တွန့်ဆုတ်နှင့် လက်မထောင်ပြလိုက်သည်။ အမြန်နှုန်းက ပြသနာမရှိသော်လည်း အရမ်းကြီး မဆောင့်နေရင်တော့ အတော်လေး ကောင်းလိမ့်မည်။ သူက ဘာပြသနာမှမရှိသော်လည်း တာ့ဟေးမှာ လုံးဝကို မူးဝေနေတော့သည်။ ယိဟန်က သူ့ကိုယ်သူ ဂုဏ်ယူနေလျက် လုလင်းရှီ၏ချီးကျုးမှုကို လက်ခံလိုက်သည်မှာ ထင်ရှားသည်။

ဤတစ်ကြိမ် သူတို့ အပင်ပျိုးခင်းသို့ သွားကြည့်ချိန် ပန်းအိုးတစ်ဝက်လောက်သာ ယူလာခဲ့ရသည်။ အခြားနည်းလမ်းမရှိပေ။ ကျင်းပေ့ကား၏ကိုယ်ထည်မှာ အတော်လေး သေးလွန်းပြီး အရွက်ကြီး ရွှေလာငွေလာပန်းပင်နှင့် ထီပေါက်ပင်တို့မှာ လူအရပ်တစ်ဝက်ခန့်မြင့်သောကြောင့် သူတို့ အိုးတစ်ဝက်ကိုသာ ယူလာခဲ့ရပြီး ကျန်တစ်ဝက်ကို နောက်တစ်ကြိမ် ပြန်သွားယူရမည်။ သူတို့နှစ်ဦး ဟန်ကော၏အလုပ်သို့ တိုက်ရိုက်မသွားဘဲ ရှောင်ဟွားယွမ်သို့ အရင်ပြန်လာခဲ့သည်။ လုလင်းရှီသည် ကျင်းပေ့ကားထဲက အနည်းငယ် ချောင်နေသော နေရာများ၌ ဆိုင်ထဲက ပန်းအိုးသေးသေးလေးများကို သိပ်ထည့်လိုက်သည်။ သို့မှသာ အရေအတွက်တစ်ခေါက် လျော့သွားမည်ဖြစ်သည်။ သူ တာ့ဟေးကို ယိဟန်၏ကားထဲ ပေးမစီးဝံ့တော့သဖြင့် တာ့ဟေးကို တုံကော၏နေရာ၌ ခဏချန်ထားခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now