အခန်း ( ၁၉ )

1.6K 286 20
                                    

// Unicode //

ဝမ်စုရှို့သည် ညနေခင်းတွင် ကြက်စွပ်ပြုတ်အနည်းငယ် ချက်ထားပြီး အလုပ်သွားကာ စွပ်ပြုတ်တစ်အိုးလုံးကို လုလင်းရှီအတွက် ချန်ထားခဲ့သည်။ လုလင်းရှီ၏အစာစားချင်စိတ်မှာ ကြီးကြီးမားမား မဟုတ်သောကြောင့် အသားအနည်းငယ်ကိုသာ စားလိုက်ပြီး ကြက်ခြေထောက်နှစ်ချောင်းလုံးမှာ တာ့ဟေးဗိုက်ထဲ ရောက်သွားခဲ့သည်။ ဗိုက်ပြည့်သည်အထိ စားသောက်ပြီးနောက် တာ့ဟေးသည် မျက်လုံးများ မှေးစင်းသည်အထိ ကျေနပ်အားရနေခဲ့ပြီး အိမ်နောက်ဖေးက ခြံဝန်းလေးဆီ လျှောက်သွားခဲ့သည်။

ခြံထဲက ခရမ်းချဉ်သီးများသည် စိုက်ထားသည်မှာ နှစ်ပတ်လောက်သာရှိသေးသော်လည်း အသီးပင် စသီးနေပြီဖြစ်သည်။ ခရမ်းချဉ်သီးများသည် ကလေးကစားစရာ ဖန်ဂေါ်လီအရွယ်လောက်သာရှိပြီး စိမ်းနေသေးသော်လည်း လုလင်းရှီသည် ၎င်းတို့၏ ကြီးထားနှုန်းကြောင့် အံ့ဩနေခဲ့ပြီဖြစ်သည်။ သာမာန်ခရမ်းချဉ်သီးများသည် မျိုးစေ့ချချိန်မှ အသီးသီးသည့်အချိန်အထိ အနည်းငယ်ဆုံး နှစ်လ သို့မဟုတ် သုံးလခန့် အချိန်ယူရသည်။ ကံကောင်းစွာဖြင့် ဝမ်စုရှို့မှာ ၎င်းတို့အကြောင်း ဂရုမစိုက်နေဘဲ အိမ်နောက်ဖေးက ခရမ်းချဉ်သီးများမှာ ကြီးထွားနှုန်း အနည်းငယ် မြန်နေသည်ဟုသာ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။

နောက်ဆုံးအကြိမ်က ယိဟန်က ရိုးရိုးသစ်သားပျဉ်ပြားအချို့နှင့် ခြံစည်းရိုးကို ကာထားပေးခဲ့သောကြောင့် ယခုအခါ အပြင်ဘက်မှနေပြီး အထဲကို မမြင်ရတော့ပေ။ လုလင်းရှီက အနည်းငယ် အပြစ်ရှိသလို ခံစားရသော်လည်း ကံကောင်းစွာဖြင့် ဝမ်စုရှို့နှင့် ယိဟန်တို့နှစ်ယောက်လုံးမှာ စိတ်ထဲထားမနေဘဲ စကား တစ်ခွန်းစ နှစ်ခွန်းသာ ရေရွတ်ပြီး များများစားစား မတွေးကြပေ။ လုလင်းရှီသည် ဤခရမ်းချဉ်သီးများ ကြီးထွားလာလျှင် မည်သို့မည်ပုံဖြစ်လာမည်ကို သိချင်နေမိသည်။ သူတို့က စားလို့ရပါမလာ:... ဒါမှမဟုတ် ထူးဆန်းနေမှာလား... ဘောင်ကွက်ကနေ ရထားတဲ့ မျိုးစေ့တွေဖြစ်လို့ သာမာန်မျိုးစေ့နဲ့ နည်းနည်းလောက် ကွာခြားနိုင်တယ် ဟုတ်တယ်မလား...။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now