အခန်း ( ၄ )

1.8K 306 6
                                    

// Unicode //

အခန်း ( ၄ )

လုလင်းရှီသည် ဆေးရုံကုတင်ပေါ်တွင် ရက်အနည်းငယ်ကြာအောင် လှဲနေလိုက်ရပြီး အမျိုးမျိုးသော ငြီးငွေ့ဖွယ်ကောင်းသော စစ်ဆေးမှုတို့ကို ဖြတ်ကျော်ပြီးမှသာ လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားနိုင်တော့သည်။ ဆရာဝန်က သူ့ကို အံ့ဖွယ်တစ်ပါး ဟုထပ်တလဲလဲ ပြောနေပြီး ဤမျှပြင်းထန်သော ဒဏ်ရာမှ ပြန်လည်ကောင်းမွန်နိုင်သည်မှာ မယုံနိုင်စရာ ကောင်းလှသည်။ ဝမ်စုရှို့သည် ဆရာဝန်၏ချီးကျူးစကားကြောင့် အလွန်ပျော်ရွှင်နေပြီး သူမ၏သဘောထားမှာ ပြောင်းပြန်လှန်လိုက်သကဲ့သို့ပြောင်းလဲသွားကာ ဆရာဝန်၏လက်ကိုဆွဲပြီး မရပ်မနား ကျေးဇူးတင်စကား ပြောနေသဖြင့် လက်မထပ်ရသေးသော လူပျိုကြီး ဆရာဝန်မှာ အရှက်သည်းသွားရသည်။

လုလင်းရှီကို ဂရုစိုက်ရပြီး ညဘက်တွင်လည်း ညည့်နက်သည်အထိ အလုပ်လုပ် လုပ်ရပြီး ရက်အတော်ကြာ အိပ်ရေးပျက်ရသဖြင့် ဝမ်စုရှို့ကို ကြည့်ရသည်မှာ အနည်းငယ် မျက်တွင်းကျသွားဟန်ရသည်။ သို့သော် ၎င်းတို့မှာ ဝမ်စုရှို့၏ အလှတရားတို့ကို မနိမ့်ကျသွားစေရုံမက လူအများ၏ ချစ်ခင်သနားစိတ်တို့ကိုပါ တိုးပွားစေသည်။  လုလင်းရှီ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသည်နှင့် ဝမ်စုရှို့သည် လုလင်ရှီကို တစ်စုံတစ်ခု မှတ်မိလာစေရန် မျော်လင့်ချက်ဖြင့် သူ့အား အတိတ်အကြောင်းကို ပြောပြလာခဲ့သည်။

ယနေ့ သူမ လုလင်းရှီ၏ အလယ်တန်းကျောင်းသားဘဝအကြောင်း ပြောပြနေခဲ့သည်။ ဝမ်စုရှို့၏အဆိုအရ လုလင်းရှီသည် ငယ်စဉ်ကတည်းက စာလေ့လာရသည်ကို မနှစ်သက်ပေ။ မူလတန်းကျောင်းတွင် အောင်မှတ်လောက်သာရခဲ့ပြီး ဂျူနီယာအလယ်တန်းကို တတ်ခွင့်ရခဲ့သည်။ သူသည် နေ့တိုင်း အတန်းပျက်လျှင်ပျက် မဟုတ်လျှင် ရန်ဖြစ်နေသဖြင့် စီနီယာအလယ်တန်း၏ ဒုတိယနှစ်ဝက်တွင် ကျောင်းထွက်ခဲ့ရပြီး နောက်တွင် ကျောင်းနှင့် ဝေးကွာသွားခဲ့သည်။

“ မင်း မှတ်မိသေးလား...ဂျူနီယာအလယ်တန်းမှာ အတန်းဖော်တစ်ယောက်နဲ့ ရန်ဖြစ်တာ ဆရာ့ဆီမှာ လက်ပူးလက်ကြပ် မိခံလိုက်ရတာလေ..."

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now