အခန်း ( ၃၀ )

633 132 5
                                    



// Unicode //


မနက်ခင်း လူရှုပ်နေသည်ကြောင့် ယန်ယွဲ့ နှင့် လုလင်းရှီတို့မှာ သွားလိုက် ရပ်လိုက်ဖြစ်နေကာ ရှောင်ဟွားယွမ်သို့ ပြန်ရောက်ချိန်တွင် ၉ နာရီထိုးခါနီးနေပြီဖြစ်သည်။

ယန်ယွဲ့ ဖုန်းပြောပြီးကတည်းက သူတို့နှစ်ယောက်မှာ စကားမပြောဖြစ်ကြပေ။ လုလင်းရှီက ယန်ယွဲ့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ကြားလိုက်ရသည်အတွက် အနည်းငယ်ရှက်သလို ခံစားနေရပြီး ယန်ယွဲ့ကလည်း လုလင်းရှီ သူ့ကိုငြင်းပယ်လိုက်မည်ကို စိုးရိမ်နေပြီး ရှင်းပြချင်နေသော်လည်း သင့်လျော်သော အခွင့်အရေး ရှာမတွေ့ခဲ့ပေ။

ကာမရပ်သွားခင်အချိန်ထိ သူတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို ချိုးဖျက်ရန် မည်သူမှ စကားမစဖြစ်ခဲ့ပေ။ ယန်ယွဲ့သည် လုလင်းရှီကို ညင်သာစွာ တစ်ချက်စိုက်ကြည့်ကာ ခေတ္တရပ်သွားပြီး ဘာမှမပြောတော့ဘဲ ကားပေါ်မှ ဆင်းလိုက်ကာ ကားနောက်ခန်းဆီသို့ လျှောက်သွားလိုက်သည်။ မနေ့က ဆိုင်ရှိ အပင်အိုးများစွာကို အသုံးပြုလိုက်ရသဖြင့် ယန်ယွဲ့သည် အပြန်လမ်းတွင် ဆိုင်ရှိ လစ်လပ်နေသည်ကို ပြန်ဖြည့်ရန်အတွက် အပင်ပျိုးခင်းမှ အသုတ်တစ်သုတ်ကို ပြန်ယူလာခဲ့သည်။ လုလင်းရှီသည် ယန်ယွဲ့၏ရည်ရွယ်ချက်ကို မြင်ပြီး ကူညီရန် သူ့နောက်မှ လိုက်သွားခဲ့သည်။

ယန်ယွဲ့သည် ကားနောက်ခန်းထဲက ပန်းအိုးများကို ငုံ့ကြည့်လိုက်ပြီး သူ အနည်းငယ် အလျင်လိုနေသဖြင့် သူ့နောက်တွင် တစ်ယောက်ယောက် ရှိနေသည်ကို သတိမထားလိုက်မိပေ။ လုလင်းရှီ ရှေ့သို့ ကိုင်းညွတ်လိုက်ချိန် ယန်ယွဲ့က ပြန်မတ်လိုက်သည်။ သူ့လက်ကို မြှောက်လိုက်သည်နှင့် သူ့တံတောင်ဆစ်က တစ်ခုခုကို တိုက်မိသွားသလို ခံစားလိုက်ရပြီး တစ်ပြိုင်နက် လုလင်းရှီထံမှ ခပ်တိုးတိုးငြီးသံကို ကြားလိုက်ရသည်။

“ ရှောင်ရှီ? "

ယန်ယွဲ့ ကမန်းကတန်း လှည့်ကြည့်လိုက်ပြီး စိုးရိမ်တကြီး မေးလိုက်သည်။

“ ဘယ်နေရာ ထိသွားလဲ "

လုလင်းရှီသည် သူ့နှာခေါင်းကို အုပ်ထားပြီး သူ့မျက်လုံးမှာ အနည်းငယ် နီရဲနေကာ ခေါင်းယမ်းလိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now