အခန်း ( ၃၆ )

468 114 1
                                    




// Unicode //




ရွက်ကျမိုးမခပင်မှာ အပင်မြင့် ရွက်လဲ ( တစ်နှစ်တစ်ခါ အရွက်ကြွေ) ပင်တစ်ပင်ဖြစ်ပြီး မိုးမခအုပ်စုများထဲမှ တစ်ခုဖြစ်ကာ တရုတ်ပြည်တွင် အစိုက်အများဆုံး အပင်မျိုးစိတ်တစ်မျိုးဖြစ်သည်။ ၎င်း၏လှပမှု, ပြုစုစောင့်ရှောက်ရလွယ်ကူမှုနှင့် ကုန်ကျစရိတ်သက်သာသည့်အပြင် ကာဗွန်ဒိုင်အောက်ဆိုဒ်စုပ်ယူနိုင်မှုတို့ကြောင့် ရွက်ကျမိုးမခပင်သည် မြို့ပေါင်းများစွာ၏ လမ်းဘေးသစ်ပင် ဖြစ်နေခဲ့သည်။

လုလင်းရှီရှေ့ရှိ ပျိုးပင်မှာ ရွက်ကျမိုးမခပင်၏ပျိုးပင်တစ်ပင်ဖြစ်ပြီး ပင်စည်၏အချင်းက ဒင်္ဂါးပြားတစ်ပြားခန့်ရှိကာ လူတစ်ယောက်၏အရပ်ထက် နိမ့်သဖြင့် မကြာသေးမီကမှ စိုက်ပျိုးထားသည်မှာ ထင်ရှားသည်။ မျက်နှာပြင်ပေါ်တွင် ပျိုးပင်က ရေမရရှိခြင်းကြောင့် ခြောက်သွေ့နေသည်ဟု ပြသနေသော်လည်း ဥယျာဉ်မှူးများ၏အမြင်တွင် ပျိုးပင်က ညှိုးခြောက်ပြီး သေဆုံးသွားပြီဖြစ်သည်။ လုလင်းရှီ ကားထဲမှ ထွက်လာသောအခါ ဥယျာဉ်မှူးများသည် ပျိုးပင်ကို နှုတ်ပြီး အသစ်တစ်ပင် အစားထိုးစိုက်ပျိုးနေပြီဖြစ်သည်။ နှုတ်ထားသောပျိုးပင်ကို မြေပြင်ပေါ် သာမန်ကာလျှံကာ ပစ်ချထားပြီး အလုပ်သမားများထဲမှ တစ်ဦးက ၎င်းကို ခုတ်ထစ်တော့မည်ဖြစ်သည်။ လုလင်းရှီ သူ့ကို အမြန်ရပ်တန့်လိုက်သည်။ 

အလုပ်သမားများသည် မန်ဒရင်းစကားမကျွမ်းကျင်ကြဘဲ ဒေသိယစကားဖြင့်သာ ပြောဆိုဆက်ဆံကြသော ရွှေ့ပြောင်းအလုပ်သမားများဖြစ်ကြသည်။ လုလင်းရှီမှာ တစ်ဖက်လူပြောသည်များကို တော်တော်လေးနှင့် နားမလည်ဖြစ်နေကာ နှစ်ဖက်စလုံး အချိန်အတော်ကြာ ကြိုးစားအားထုတ်ပြီးမှ နောက်ဆုံးတွင် ရှင်းရှင်းလင်းလင်း ဆက်သွယ်နိုင်ခဲ့သည်။ လုလင်းရှီက အပင်က အသက်ရှင်နေဆဲဖြစ်ပြီး ရေလောင်းပြီး ပြန်ရှင်နိုင်အောင် လုပ်လို့ရသည်ဟု ပြောလိုက်သည်။ တစ်ဖက်လူကလည်း အပင်တစ်ပင်က ယွမ်အနည်းငယ်သာ ကုန်ကျပြီး အခြားကျန်းမာသောအပင်တစ်ပင်နှင့် အစားထိုးရန် ကြီးကြီးမားမား ကုန်ကျမည်မဟုကြောင်း ပြောလာခဲ့သည်။ သူတစ်ပြန် ငါတစ်လှည့်ပြောဆိုပြီးနောက် တစ်ဖက်လူက လုပ်ချင်ရာလုပ်ဆိုပြီး ပျိုးပင်ကို လုလင်းရှီထံ ပစ်ပေးလိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now