// Unicode //
အဘိုးစုနှင့် စုလန်သည် ဆေးရုံတွင် ခဏလောက်နေပြီးမှ ပြန်သွားခဲ့သည်။ ဝမ်စုရှို့သည်လည်း သူမပစ္စည်းများကို ထုပ်ပိုးပြီး ပြန်ရန်ပြင်တော့သည်။ သူမသည် ကေတီဗီတစ်ခု၏ ကြီးကြပ်ရေးမှူးတစ်ယောက်ဖြစ်သည်။ နေ့ခင်းဘက်နှင့် မတူသည်က ညဘက်သည် ကာစတန်မာများ လူကျသဖြင့် အလုပ်များသော အချိန်လည်းဖြစ်သည်။
“ အမေ သွားပြီနော်… တစ်ယောက်ထဲ အဆင်ပြေတယ်မလား…”
ဝမ်စုရှို့သည် လုလင်းရှီကို သံသယဖြစ်စွာ ကြည့်နေလိုက်သည်။ သူမ နေချင်သော်လည်း သူမမိသားစုကို ထောက်ပံ့ဖို့ ပိုက်ဆံရှာရန် လိုအပ်နေဆဲ ဖြစ်သည်။ သူမယောက်ျားက အားကိုးမရသဖြင့် သူမသည် မိမိကိုယ်ကိုယ်သာ အားကိုးရသည်။
“ ကျွန်တော် အဆင်ပြေပါတယ်…”
သူ ထိုသို့ ပြောနေချိန်တွင် သူ့အမူအရာမှာ အလွန်လေးနက်နေပြီး သူ့မျက်နှာသေးသေးလေးမှာလည်း ကတိတစ်ခုတစ်ခုလုပ်နေသကဲ့သို့ လေးနက်တည်ကြည်နေသည်။ လုလင်းရှီ သုံးနှစ်သားအရွယ်ကတည်းက ဤကဲ့သို့ အမူအရာမျိုး မတွေ့ရတော့သဖြင့် ဝမ်စုရှို့သည် ပြုံးပြီး လုလင်းရှီကို ဖက်ကာ ခေါင်းပုတ်ပြီး နဖူးကို နမ်းလိုက်သည်။
“ လူယုတ်မာလေး… မင်းကို ဒီလိုတွေ့လိုက်ရတော့ … အနာဂတ်မှာ စားစရာမရှိမှာကို စိတ်ပူနေစရာ မလိုတော့ဘူး…”
လုလင်းရှီ၏ မျက်နှာတစ်ခုလုံးသည် ဝမ်စုရှို့၏ရင်ဘတ်နှင့် ဖိမိနေသဖြင့် သူ့ပါးပြင်များ ချက်ချင်းရဲ သွားတော့သည်။ ဝမ်စုရှို့က ဤခန္ဓာကိုယ်၏ မိခင် ဖြစ်သော်လည်း သူမက လုလင်းရှီအတွက် သူစိမ်းတစ်ယောက်ဖြစ်သေးသည့် အချက်ကို မေ့ထားလျင်ပင် သူ့မိခင်နှင့် ဤကဲ့သို့ တစ်ခါမှ မနီးကပ်ဖူးခဲ့ချေ။ သူသည် ရှက်ရွံနေလျက် ဝမ်စုရှို့၏ ပွေ့ဖက်မှုမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ ဝမ်စုရှို့က သူ့ကို ငုံ့ကြည့်လိုက်ပြီး သူ့နဖူးပေါ် အကြိမ်အနည်းငယ် ထပ်နမ်းပြီးမှ လွတ်ပေးလိုက်သည်။ ထို့နောက် ပြုံးလျက် လုလင်းရှီကို ကြိမ်းမောင်းတော့သည်။
YOU ARE READING
Pastoral Daily Life ||ဘာသာပြန်||
FantasyAssociated Names 田园日常[重生] Author(s) Li Song Ru 李松儒 Status in COO 170 Chapters + 5 extras