အခန်း ( ၂၈ )

1.1K 193 7
                                    


// Unicode //

ဟန်ကော အော်ဒါတင်ထားသော ပန်းအိုးအရေအတွက်မှာ အတော်လေး များပြားသည်။ အချို့မှာ စားပွဲခုံများ၊ ပြတင်းပေါက်များတွင် ထားမည်ဖြစ်ပြီး အချို့မှာ စင်္ကြံများ၊ ရုံးခန်းထောင့်တွင် ထားမည်ဖြစ်သည်။ နောက်ဆုံးအခေါက်တွင် လုလင်းရှီသည် အိုး ၃၀ ထက်ပိုသော အရွက်ကြီးမျိုး ထီပေါက်ပင်များကို ဟန်ကောကို ကူရွေးပေးခဲ့သည်။ ဤအပင်များသည် နေရာအလွန်ယူသောကြောင့် ပုံမှန်အားဖြင့် ဆိုင်တွင် ထားလေ့မရှိဘဲ လိုအပ်ပါက ၎င်းတို့ကို အပင်ပျိုးခင်း၌ သွားယူရမည်ဖြစ်သည်။

လုလင်းရှီသည် ဆိုင်ပိတ်ပြီးနောက် ပျိုးခင်းသို့သွားကာ ပန်းပင်များကို မြေအိုးထဲသို့ ကြိုတင်ပြီး ပြောင်းထည့်ထားရန် စီစဉ်လိုက်သည်။ ရှောင်ဟွားယွမ်ရှိ အစိမ်းရောင်အပင်များကိုလည်း မြေအိုးထဲသို့ ပြောင်းထည့်ရန် လိုအပ်သည်။

ငွေစာရင်းများကို ဂရုတစိုက်စစ်ဆေးပြီးနောက် လုလင်းရှီသည် တုလင်း သူ့အတွက် ပေးထားခဲ့သော မယ်ရီ အေပရွန်ကို ယူဝတ်လိုက်သည်။ သူ ယနေ့ ဘောင်းဘီတိုတိုဝတ်ထားသဖြင့် အေပရွန်ဝတ်လိုက်သောအခါ ၎င်းသည် ဘောင်းဘီကို ဖုံးသွား၏။ အရှေ့ဘက်မှကြည့်လျှင် ကောင်လေးသည် အေပရွန်မှလွဲပြီး ဘာမှမဝတ်ထားပုံရပြီး ၎င်းပေါ်တွင် ပေါကြောင်ကြောင် သိုးပုံရိုက်နှိပ်ထား
ကာ မထင်မှတ်ထားစွာ အလွန်မျက်စိဖမ်းစားစရာ ကောင်းလှသည်။ ယန်ယွဲ့၏မျက်လုံးများထဲတွင် အပြုံးရိပ်တို့ ဖြတ်ပြေးသွားပြီး ကောင်လေးကို မေးလိုက်သည်။

“ မင်း ဘယ်သွားမလို့လဲ "

လုလင်းရှီသည် ငွေရှင်းကောင်တာအောက်မှ မြေအိုးများစွာကို ယူထုတ်လာခဲ့ပြီး ‌၎င်းတို့ကို ညွှန်ပြကာ ရှင်းပြလိုက်သည်။

“ ဟန်ကော မှာထားတဲ့ အပင်တွေအတွက် ပုံစံတူ မြေအိုးတွေ လိုအပ်တယ်... deli မအပ်ခင် အိုးတွေကို ပြောင်းထားရမယ် "

ရှောင်ဟွားယွမ်ထဲရှိ အပင်များအားလုံးသည် ပလပ်စတစ်အိုးထဲတွင်သာ ထားရှိထားပြီး ပန်းအပြည့်ပွင့်နေသော ဖိုးစိန်ခေါင်းပန်းပင် အနည်းငယ်ကိုသာ ကြွေအိုးထဲ ထည့်ထားခဲ့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now