အခန်း ( ၃၂ )

699 141 3
                                    

// Unicode //


ယန်ယွဲ့က ညစာလာစားမည်ဖြစ်သောကြောင့် ဝမ်စုရှို့မှာ ၎င်းအပေါ် အတော်လေး အလေးအနက်ထားနေခဲ့သည်။ သူမသည် လုလင်းရှီအား ရောင်းစားခံလိုက်ရပြီး ငွေကိုပင် ကူပြီးမရေတွက်မိစေရန် သတိပေးနေခဲ့သော်လည်း မိခင်တစ်ဦးက သူမသားကို လူဆိုးများနှင့် အမှန်တကယ်တွေ့ဆုံမည်ကို မည်သို့လိုလားမည်နည်း။ ယန်ယွဲ့က လုလင်းရှီ၏ တွဲဖက်ဖြစ်သဖြင့် ဝမ်စုရှို့သည် သူ လုလင်းရှီအပေါ် ဂရုစိုက်ပေးနိုင်ရန် သူ့အပေါ် အထင်အမြင်ကောင်းများ ချန်ထားချင်နေခဲ့သည်။

တစ်ညတာ ကောင်းကောင်းအိပ်စက်ပြီးနောက် ဝမ်စုရှို့သည် အလုပ်ချိန်ပြောင်းမည့်အကြောင်းကို ဆွေးနွေးရန် သူမ၏လုပ်ဖော်ကိုင်ဖက် လင်းမေ့ကို အရင်ဆုံး ဖုန်းခေါ်လိုက်သည်။ လင်းမေ့နှင့် ဝမ်စုရှို့တို့ သိကျွမ်းလာသည်မှာ ဆယ်စုနှစ်နီးပါး ရှိပြီဖြစ်ပြီး သူတို့ ဆက်ဆံရေးမှာလည်း အမြဲတမ်း ကောင်းမွန်နေခဲ့သည်။ ဝမ်စုရှို့က အဆိုင်းပြောင်းချင်ကြောင်း ကြားသောအခါ လင်းမေ့က ချက်ချင်း သဘောတူလိုက်သည်။ မိနစ်အနည်းငယ်ကြာ ပေါ့ပေါ့ပါးပါး စကားစမြည်ပြောပြီးနောက် စကားဝိုင်းခေါင်းစဉ်မှာ ဝမ်စုရှို့ အလုပ်ပြောင်းမည့်အကြောင်း ရောက်သွားခဲ့သည်။

လင်းမေ့သည် ဝမ်စုရှို့ထက် နှစ်အနည်းငယ် ငယ်ပြီး သူမမှာ ဝမ်စုရှို့လောက် အရွယ်မတင်သော်လည်း အတော်လေး သိသာသည်တော့ မဟုတ်ပေ။ ဝမ်စုရှို့၏စကားအရ သူမသည် နောက်တစ်ပတ်တွင် KTV မှ အလုပ်ထွက်မည်ဖြစ်ပြီး သူမမှာ တစ်ညလုံး မအိပ်စက်ဘဲ နေနိုင်လောက်အောင် အရွယ်မငယ်တော့ပေ။ လင်းမေ့က ဝမ်စုရှို့၏အခြေအနေကို သိသည်။ ယခင်က သူမမှာ သေခြင်းဆိုးအိုကြီး လုယိဆွေ့၏ ဂုတ်သွေးစုပ်ခြင်းခံနေရပြီး မိသားစုကို ထောက်ပံ့ရန် အလုပ်ကြိုးစားခဲ့ရသည်။ ယခုအချိန်တွင် ဝမ်စုရှို့နှင့် လုယိဆွေ့တို့မှာ ကွာရှင်းလိုက်ပြီဖြစ်ပြီး လုလင်းရှီကလည်း စဉ်းစား‌တွေးခေါ်တတ်လာသဖြင့် လင်းမေ့သည် ဝမ်စုရှို့ကို အလုပ်ပဲနှစ်မလုပ်ရန် တိုက်တွန်းနေခဲ့သည်။ တစ်ခုခုဖြစ်လျှင် သူမရသည့် ဝင်ငွေဖြင့် သူမ၏ဆေးရုံစရိတ်ကိုပင် ကာမိမည်မဟုတ်ပေ။ ထို့အပြင် သူမနှင့် လုလင်းရှီတို့မှာ မနက်စောစောအချိန် နှင့် ညနက်ချိန်တို့မှာသာ တွေ့ဖြစ်ကြပြီး လုလင်းရှီကလည်း ဆေးရုံက‌နေ ဆင်းလာကာစပင် ရှိသေးသည်။ သူမ သူ့မသားကို ထပ်မတွေ့ချင်တော့ဘူးလား...။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now