အခန်း ( ၁၄ )

1.2K 253 9
                                    


// Unicode //



နွေမိုးမှာ အလျင်အမြန် ရွာချလာပြီး အလျင်အမြန်ပင် ပြန်စဲသွားခဲ့သည်။

အပြင်ဘက်က မိုးစဲသွားချိန်မှာတောင် ခွေးကြီး ကိုယ်ပေါ်က ဒဏ်ရာများကို ကုသ၍ မပြီးသေးချေ။

မေ့ဆေးက အာနိသင်ပြလာပြီး ခွေးကြီး အိပ်မောကျသွားမှသာ လုလင်းရှီမှာ လွတ်လပ်သွားခဲ့သည်။ တုံကျစ်က အပြန်လမ်းမှာ သတိထားရန် သူ့ကို မှာကြားလာခဲ့သည်။ လုလင်းရှီက တစ်ဝက်တစ်ပြတ်နှင့် ထွက်ခွာရန် မရည်ရွယ်ထားသဖြင့် ခေါင်းယမ်းလိုက်သည်။ သူ ခွေးကြီး၏အခြေအနေကို သိရရန် ဆေးကုသမှုပြီးချိန်ထိ စောင့်နေချင်သေးသည်။ သူ ခွေးကြီးကို ပွတ်သပ်နေချိန်တွင် သူ့လက်ဖဝါးအောက်၌ အရိုးပေါ်အရေတင် ခန္ဓာကိုယ်ကိုသာ ခံစားရပြီး နေရာတစ်ချို့တွင် သိသာထင်ရှားသော အမာရွတ်များပင် ရှိနေခဲ့သည်။ သူ ယခင်က လေလွင့်ခွေးတစ်ကောင်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ခွေးအားလုံးမှာ လုမိသားစု၏ အဓိကနေအိမ်၌ မွေးထားခဲ့သော golden retriever ကဲ့သို့ တောက်ပြောင်ချောမွေ့နေမည်ဟု ထင်ရလောက်အောင် သူ မတုံးအသေးသော်လည်း ဤကဲ့သို့ ထိလိုက်သည်နှင့် အရေပြားနှင့် အရိုးကိုသာ ခံစားရသည်အထိ ပိန်ပါးနေလိမ့်မည် သူ မထင်ထားခဲ့ချေ။ အရှုပ်အထွေး မဖြစ်စေရန် လုလင်းရှီသည် ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်ပြီး ယန်ယွဲ့ဘေး၌ ရပ်နေလိုက်သည်။

ယန်ယွဲ့၏ မြင်ကွင်းမှဆိုလျှင် ကောင်လေး၏အသွင်အပြင်မှာ သိမ်မွေ့သည့်ဘက်သို့သွားပြီး သူ၏သွယ်လျသောကိုယ်ဟန်က အနည်းငယ်ပိန်ပါးနေခဲ့သည်။ နွေရာသီ ဖြစ်နေသောကြောင့် ကောင်လေးမှာ အပြာနုရောင်တီရှပ်ကို ဝတ်ဆင်ထားပြီး နက်မှောင်သော ဆံပင်တိုတိုလေးတို့မှာ ပျော့ပျောင်းစွာကျဆင်းနေကာ သူ့လည်ပင်းကို ပို၍ နူးညံ့ဖြူဖွေး နေစေသည်။

ကောင်လေးနှင့် အဝေးတွင်ရှိနေချိန် မည်သို့မျှ မခံစားရသော်လည်း ယခု ကောင်လေးနှင့် နီးကပ်နေချိန်တွင် ယန်ယွဲ့သည် ကောင်လေးဆီမှ နှစ်သိမ့်မှု တစ်စုံတစ်ရာကို ခံစားရသည်။ ကောင်လေးက သူ့ဘေးနား၌ ဤကဲ့သို့ ငြိမ်သက်စွာ ရပ်နေချိန်မှာပင် အတွင်းထဲ၌ ဖိနှိပ်ထားရသော ယန်ယွဲ့၏ ရုန့်ရင်းကြမ်းတမ်းသော ခံစားချက်များမှာ ငြိမ်သက်သွားဟန်ရသည်။ သူသည် မနေနိုင်စွာ ဆယ်ကျော်သက်လေးနှင့် ပို၍ နီးကပ်ချင်နေမိသည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now