အခန်း ( ၅ )

1.6K 298 9
                                    


// Unicode //

အခန်း ( ၅ )

လုလင်းရှီ၏အဆောင်မှာ အတွင်းလူနာဌာန၏တတိယထပ်တွင် ဖြစ်သည်။ အတွင်းလူနာဌာန၏ မြေညီထပ်ရှိ ဧည့်ခန်းအဝင်ပေါက်တွင် အရွက်ကြီး ရွှေလာငွေလာပင် အိုးအနည်းငယ်ရှိသည်ကို သတိရလိုက်သည်။ နောက်ဆုံးအကြိမ် CT ရိုက်ရန် သူနာပြုက သူ့ကို မြေညီထပ်သို့ ခေါ်သွားစဉ်က ၎င်းတို့ကို တွေ့ခဲ့ခြင်းဖြစ်သည်။

ထိုအိုးများအကြောင်း တွေးမိသည်နှင့် လုလင်းရှီသည် ဆေးရုံဝတ်စုံကို ပြန့်ပြန့်ရန့်ရန့်ဖြစ်အောင် လုပ်ပြီး ဖိနပ်လဲလိုက်ကာ တစ်ချက်သွားကြည့်ရန် ရည်ရွယ်လိုက်သည်။

“ ရှောင်လု...ဘယ်သွားမလို့လဲ"

မေးလိုက်သူမှာ အစ်မထျန်းဖြစ်ပြီး ကုတင်နံပါတ် ၁၉ ရှိ လူနာဖြစ်သော အစ်ကိုလီ၏ ဇနီးဖြစ်သည်။

လုလင်းရှီ ဆေးရုံတတ်သည့်ရက်များအတွင်း အဆောင်ထဲရှိလူများသည် ဝမ်စုရှို့အပေါ် ဆိုးရွားသော အမြင်ရှိသော်လည်း ၎င်းတို့က လုလင်းရှီအပေါ် မသက်ရောက်ပေ။ ကလေးမှာ ရုပ်ရည်ချောမောပြီး လိမ္မာရေးခြားရှိကာ လူအများကို နှစ်လိုဖွယ်ဖြစ်စေသည်။ အထူးသဖြင့် လုလင်းရှီသည် တစ်ယောက်တည်းဖြစ်နေပြီး စောင့်ရှောက်ပေးမည့်သူ တစ်ယောက်မှမရှိသော်လည်း အခြားသူများကို အနှောင့်အယှက်ပေးခဲပြီး အကုန်လုံးကို သူ တစ်ယောက်ထဲ တတ်နိုင်သမျှ လုပ်ဆောင်သည်။ ပတ်ဝန်းကျင်ရှိ လူများက သူသည် စဥ်းစားချင့်ချိန်တတ်သည်ဟု ခံစားရပြီး သနားစိတ်တို့ဖြစ်ပေါ်လာကာ လူတိုင်း သူ့ကို ဘာမဆို လက်ကမ်းပေးချင်ကြသည်။

အစ်ကိုလီကို အစားအစာကျွေးနေသော အစ်မထျန်းသည် လုလင်းရှီ ထွက်သွားတော့မည်ကို မြင်သောအခါ ခေါင်းလှည့်ပြီး ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

“ တစ်ယောက်ထဲလား... အစ်မ လိုက်သွားပေးရမလား"

အစ်မထျန်းမှာ အနည်းငယ် စိတ်မချသလို ခံစားလိုက်ရသည်။

လုလင်းရှီက ရှက်ရွံ့စွာ ပြုံပြလိုက်သည်။

“ အဆင်ပြေပါတယ်... ကျွန်တော် တစ်ယောက်တည်း ဖြစ်ပါတယ်"

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now