အခန်း ( ၂၅ )

1.2K 237 13
                                    

// Unicode //


နောက်တစ်နေ့ မနက် ၅ နာရီထိုးချိန်တွင် လုလင်းရှီ နိုးထလာခဲ့သည်။ သူ လှုပ်ရှားသည်နှင့် တာ့ဟေး၏မျက်လုံးတို့မှာ ချက်ချင်းပွင့်လာပြီး သူ့အမွေးများကို လှုပ်ခါကာ ထလာခဲ့သည်။ လုလင်းရှီသည် ပြုံးပြီး တာ့ဟေး၏ခေါင်းကို ပွတ်သပ်လိုက်ပြီး မတ်တပ်ထကာ လျင်လျင်မြန်မြန် ဆေးကြောလိုက်သည်။ တာ့ဟေးမှာ လုလင်းရှီ သွားရာနောက်သို့ တန်းလန်းတန်းလန်းနှင့် လိုက်သွားလေသည်။

ပစ္စည်းအနည်းငယ် ထုပ်ပိုးပြီးနောက် လုလင်းရှီသည် အိမ်တံခါးကို ညင်ညင်သာသာ ဖွင့်လိုက်ညည်နှင့် တာ့ဟေးမှာ ဝှစ်ခနဲ အပြင်သို့ ပြေးထွက်သွားပြီး စင်္ကြံ၌ ဆောင့်ကြောင့်ထိုင်ချကာ လုလင်းရှီကို စောင့်နေခဲ့သည်။ လုလင်းရှီသည် ပန်းဈေးသို့ သွားမည့်အကြောင်းကို ယမန်နေ့က ဝမ်စုရှို့အား ပြောပြထားပြီးဖြစ်သော်လည်း မှတ်စုတစ်ရွက်ရေးကာ ဧည့်ခန်းထဲက မြင်သာထင်ရှားသော နေရာ၌ တင်ထားလိုက်သည်။ စုဝေ့ကျန်းနှင့်အတူ ပန်းဈေးသို့ တစ်ကြိမ်သွားထားပြီး ဖြစ်သဖြင့် လုလင်းရှီသည် တာ့ဟေးကို ခေါ်ကာ ပန်းဈေးသို့ ကိုယ်တိုင်သွားလိုက်သည်။ လုလင်းရှီသည် ယခင်တကြိမ်ကကဲ့သို့ ရရှိရန် ကံကောင်းခြင်း လိုအပ်ကြောင်း ကောင်းမွန်သော နွေဦးသစ်ခွကို အချိန်တိုင်း မတွေ့နိုင်ကြောင်း သူ့ စိတ်ထဲ သိနေခဲ့သည်။ ထို့အပြင် ထို့သို့သော အပင်မျိုး ရရှိခဲ့လျှင်ပင် သဘာဝစွမ်းအား မရှိဘဲ ကယ်တင်နိုင်မည် မဟုတ်ပေ။ သို့သော် ကြီးမားသော ငွေရေးကြေးရေး ဖိအားအောက်တွင် သူသည် မျှော်လင့်ချက်အနည်းငယ်ကို ဆုပ်ကိုင်ထားရုံကလွဲပြီး ရွေးချယ်စရာမရှိတော့ချေ။

“ ငါ လောဘကြီးသွားတာလား "

လုလင်းရှီသည် တာ့ဟေးကို တိုးတိုးလေး မေးလိုက်သည်။

တာ့ဟေးသည် လုလင်းရှီ၏စကားကို ပြန်လည်ချေပဟန်ဖြင့် နှစ်ကြိမ်ခန့် ညည်းလိုက်သည်။ လုလင်းရှီက ရယ်မောလိုက်ပြီး ပြုံးလျက် တာ့ဟေး၏မေးစေ့ကို ကုတ်လိုက်သည်။

မနက်အစောကြီး ရှိသေးပြီး လမ်းပေါ်၌ မည်သူမှ မရှိနေသောကြောင့် လုလင်းရှီသည် တာ့ဟေးကို နှုတ်ထိန်း မတပ်ပေးခဲ့ပေ။ တာ့ဟေးသည် စိတ်လှုပ်ရှားစွာဖြင့် ခြေလှမ်းအနည်းငယ် ပြေးသွားပြီး သူ့ခေါင်းကို ပြန်လှည့်ကာ လုလင်းရှီကို နှစ်ကြိမ်ခန့် ဟောင်လိုက်သည်။ လုလင်းရှီက ထိုအဓိပ္ပါယ်ကို နားလည်ပြီး တာ့ဟေးက လုလင်းရှီကို သူနှင့် အတူတူ ပြေးခိုင်းခြင်းပင်။ သူ တာ့ဟေးကို ကူကယ်ရာမဲ့စွာ ကြည့်လိုက်ပြီး တာ့ဟေးက လျှပ်တစ်ပြက်အတွင်း လုလင်းရှီဘေးသို့ ပြန်ပြေးလာပြီး သူ့ဘောင်းဘီအစွန်းကို ကိုက်ကာ ရှေ့သို့ ဆွဲခေါ်သွားတော့သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now