အခန်း ( ၈ )

1.6K 274 8
                                    


// 𝐔𝐧𝐢𝐜𝐨𝐝𝐞 //



အခန်း ( ၈ )

[ အပင်အမည် - အရွက်ကြီး ရွှေလာငွေလာပင် ]

[ အပင်လိုအပ်ချက် - မရှိ ]

[ အပင်ရှင်သန်နိုင်စွမ်း - မြင့်မား ]

အတွင်းလူနာဌာန၏ မြေညီထပ်ရှိ ပင်မဝင်ပေါက်အနီးတွင် လုလင်းရှီသည် ခါတိုင်း ကဲ့သို့ ရွှေလာငွေလာပင်အရွက်များကို မထိဘဲ စိတ်အာရုံစကင်န်ဖတ်ခြင်းကိုသုံးရန် တမင်တကာ ခပ်ဝေးဝေးတွင် ရပ်နေလိုက်သည်။ မနေ့ညက သဇင်မင်းပင်ကဲ့သို့ပင် သူ့နောက် သုံးမီတာအကွာတွင်ရှိသော ရွှေလာငွေလာပင်အိုးများသည် သူ့စိတ်ထဲတွင် ရှင်းရှင်းလင်းလင်း ပေါ်လာရုံသာမက အဖြူရောင်ဘောင်ကွက်ပေါ်တွင်လည်း ပေါ်လာခဲ့သည်။ လုလင်းရှီသည် ဧည့်ခန်းကို ပျော်ရွှင်စွာ လှည့်ပတ်နေကာ သူ့စိတ်ထဲတွင် ရွှေလာငွေလာပင်အိုးများ ပေါ်လာသည်နှင့်အမျှ ဘောင်ကွက်အဆင့်မြှင့်ခြင်း၏အကျိုးကျေးဇူးကို နောက်ဆုံးတွင် အမှန်တကယ် သိလာခဲ့ပြီ ဖြစ်သည်။

ရွှေလာငွေလာပင်အိုးအားလုံး စမ်းသပ်ပြီးနောက် လုလင်းရှီသည် အဆောင်သို့ ပြန်သွားတော့မည့်အချိန်တွင် ဆေးရုံထောက်ပံ့ပို့ဆောင်ရေး ယူနီဖောင်းဝတ်ထားသော ဝန်ထမ်းနှစ်ဦးသည် မနီးမဝေးက ရွှေလာငွေလာပင်းအိုး ရှေ့တွင် ရပ်နေခဲ့သည်။

“ လောင်ဝမ် ... ဒီအပင်ကိုကြည့် ... တခြားအပင်တွေထက် ပိုကြည့်ကောင်းတယ်လို့ မင်းထင်လား "

“ နည်းနည်းပါးပါးပေါ့ ... ငါတော့ တခြားအိုးတွေထက် ပိုမြင့်တယ်လို့ ခံစားရတယ် "

“ မြင့်ရုံဘယ်ကမလဲ ... တခြားအပင်တွေထက် အရောင်‌အသွေးလည်း ပိုစုံတယ်... ဒီ အစိမ်းရင့်ရောင်အရွက်ကိုကြည့် ... သူ့တို့ပေါ်က အမှတ်အသားတွေက ရှင်းရှင်းလင်းလင်းကို ထင်ရှားသိသာနေတာကို ... တခြားအပင်တွေက ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ"

“ တကယ်ကို မတူတဲ့ပုံပဲ ... ဘာလို့ပါလိမ့် ... ငါတို့ အရင်က ရေလောင်းပြီး ကြည့်တုန်းကတော့ အကုန်လုံး အတူတူပါပဲ"

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now