အခန်း ( ၁၇ )

1.2K 241 10
                                    

// Unicode //


ဝမ်စုရှို့ လုလင်းရှီထံမှ ဖုန်းခေါ်မှုလက်ခံရရှိပြီး အမြန်ပြန်သွားခဲ့သည်။ သူမ ပြန်ရောက်သောအခါ လုယိဆွေ့က သူ၏ဒဏ်ရာရနေသော ခြေထောက်နှင့် ဧည့်ခန်းထဲတွင် ကုပ်ကုပ်ကလေး ထိုင်ပြီး အဆက်မပြတ်မြည်တမ်းနေကာ သူနှင့် မျက်နှာချင်းဆိုင်တွင် ခွေးနက်ကြီးတစ်ကောင်က ဆောင့်ကြောင့်ထိုင်နေပြီး သူ့ကို စူးစူးစိုက်စိုက် ကြည့်နေခဲ့သည်။

“ ဘာဖြစ်တာလဲ "

လုယိဆွေ့ အိမ်ပြန်ရောက်နေကြောင်း ကြားသည်နှင့် သူမ ဖုန်းကိုအမြန်ချလိုက်ကာ လုလင်းရှီ တစ်ယောက်တည်း ဒုက္ခရောက်နေမည်ကို စိုးရိမ်သဖြင့် တက္ကစီတစ်စီး အမြန်ခေါ်ကာ အလောတကြီး ပြန်လာခဲ့သည်။ သူမမှာ ဘာဖြစ်ပျက်နေသည်ကိုပင် ရှင်းရှင်းလင်းလင်း မသိရသေးပေ။

လုလင်းရှီသည် လုယိဆွေ့ ပင်မဝင်ပေါက်ကနေ ဝင်လာမည့်အစား အိမ်နောက်ဖေးက ခြံစည်းရိုးကို ကျော်တတ်ပြီး တာ့ဟေးဆီမှ အကိုက်ခံလိုက်ရသည့်အကြောင်းကို ပြောပြလိုက်သည်။ စကားပြောပြီးနောက် တာ့ဟေး၏ခေါင်းကို ထိလိုက်ပြီး ဝမ်စုရှို့ တာ့ဟေးကို ဒေါသထွက်မည်ကို စိုးရိမ်နေခဲ့သည်။

လုယိဆွေ့က ဒေါသတကြီး ဆူပူကြိမ်းမောင်းလာခဲ့သည်။

“ ခွေးကောင်လေး... မင်း ကြီးနေပြီပေါ့လေ ဟမ်... အဲဒီခွေးကို မင်းရဲ့အဘိုးကြီးကို ကိုက်ခွင့်တောင် ပေးထားသေးတယ်... မြန်မြန်... ဒီခွေးကို အဝေးခေါ်ထုတ်သွားစမ်း "

ဝမ်စုရှို့ လုလင်းရှီ၏စကားကို နားထောင်ပြီးနောက် နှာမှုတ်လိုက်သည်။

“ အဲဒါနဲ့ပဲ ထိုက်တန်တယ် "

လုလင်းရှီသည် လုယိဆွေ့ အိမ်ရှေ့တံခါးကနေ အဘယ်ကြောင့် မဝင်လာသည်ကို မသိသော်လည်း သူမ သိသည်။ သူက ဖုန်းကော၏လူများ သူ့ကိုမြင်သွားမည်ကို ကြောက်ရွံ့၍ ခိုးကြောင်ခိုးဝှက် လုပ်နေခဲ့တာပင်။

လုယိဆွေ့၏ ငြီးတွားနေခြင်းကို အဆက်ဖြတ်လိုက်ပြီးနောက် ဝမ်စုရှို့ သံသယဖြင့် မေးလာခဲ့သည်။

“ နင် ဒီကို ဘာပြန်လုပ်တာလဲ "

လုယိဆွေ့ ကိုယ်ကိုမတ်လိုက်သည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now