အခန်း ( ၁၆ )

1.6K 302 13
                                    

// Unicode //

လောင်ဟန်သည် ၎င်း၏အဖိုးတန်သော ကလစ်ဗီယားနှင့် ပြန်သွားချိန် သေခါနီးအပင်တစ်ပင်ကိုပင် ကယ်တင်နိုင်သော သူ့စွမ်းရည်ကို ရက်ရက်ရောရော ချီးကျူးသွားခဲ့ပြီး လုလင်းရှီကို အလွန်အမင်း ကျေးဇူးတင်နေခဲ့သည်။ တုလင်းက ပန်းစိုက်သည့်နေရာတွင် အလွန်တော်ကြောင်းကို ပတ်ဝန်းကျင်ကလူများ ကောင်းကောင်းသိနေခဲ့ပြီး ဖြစ်သည်။ လောင်ဟန်က အဖြစ်အပျက်ကို ဖောက်သည်ပြန်ချသောအခါ လူအများသည် လုလင်းရှီက ရှောင်ဟွားယွမ်ကဖြစ်သည်ကို သိခဲ့ရပြီး နှစ်ရက် မပြည့်ခင် လမ်းတစ်ဝိုက်က ပန်းချစ်သူများကြားတွင် ကျော်ကြားလာခဲ့သည်။

ရှောင်ဟွားယွမ်မှ ကောင်လေးအသစ်သည် လူကောင်းတစ်ယောက်ဖြစ်ပြီး ပန်းများ ပြုစုပျိုးထောင်ရာတွင် အလွန်ကျွမ်းကျွင်ကြောင်းကို လူတိုင်း သိခဲ့ကြသည်။ ရှောင်ဟွားယွမ် တံခါးဝရှိ ငွားငွားစွင့်စွင့် ပွင့်လန်းနေသော ဖိုးစိန်ခေါင်းပေါင်းပန်းအိုးများသည် လမ်းသွားလမ်းလာများကို အလွန်ဆွဲဆောင်နိုင်ပြီး ဆိုင်ထဲသို့ ဝင်ကြည့်မည်ဆိုပါက ပြန်ထွက်ရန် တွန့်ဆုတ်နေလိမ့်ဖြစ်သည်။ ဆိုင်ထဲရှိ ပန်းများ အပင်များသည် အတော်လေးကို မျက်စိပဒေသာ ဖြစ်လှသည်။ အရွက်များက စိမ်းမြမြနှင့် ပန်းပွင့်တို့မှာ အတော်လေး လှပကြသည်။ တစ်ဆိုင်လုံး စိမ်းလန်းစိုပြေနေပြီး လေထုမှာ အပြင်ကထက် ပို၍ သစ်လွင်‌နေခဲ့သည်။ အကယ်၍ ဆိုင်ထဲတွင် ကြာကြာနေမည်ဆိုပါက တစ်နေ့တာ၏ ပင်ပန်းနွမ်းနွယ်မှုများမှာ ယူပစ်လိုက်သလို ပျောက်ကွယ်သွားလိမ့်မည်။ 

ဤစကားများသည် ချဲ့ကားထားခြင်း မဟုတ်ပါ။ ဆိုင်ကို ပုံမှန်လာနေကျ ဖောက်သည်များသည် အနည်းငယ် ထူးခြားမှုကို သတိပြုမိနိုင်သည်။ ခယ်လာလီလီပန်းများ တူနေလျှင်ပင် လုလင်းရှီ ပြုစုထားသော ပန်းများသည် သူတို့အိမ်က ပန်းများထက် ပိုကောင်းနေလိမ့်မည်။ သူတို့ တုလင်းရှိစဉ်ကလည်း လာနေကျဖြစ်သော်လည်း ဤမျှ ထူးခြားချက်ကို သတိမပြုမိခဲ့ပေ။ ဘယ်လို ဖော်ပြရပါလိမ့်...။ ရှောင်ရှီ ပြုစုထားသော ပန်းများ အပင်များသည် ကျန်းမာသန်စွမ်းပြီး တတ်ကြွမှုအပြည့် ရှိနေခဲ့သည်။ ဤကဲ့သို့ တတ်ကြွမှုများကြောင့် ဆိုင်တစ်ခုလုံးမှာ ကွဲပြားသော ခံစားချက်ကို ပေးစွမ်းနေခဲ့သည်။ ဆိုင်ထဲ အချိန်အတော်ကြာ ကုန်ဆုံးခဲ့ပါက အမှန်တကယ် စိတ်အေးချမ်းသာလာပြီး မကောင်းသော ခံစားချက်အားလုံးမှာ ပျောက်ကွယ်သွားပေလိမ့်မည်။

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now