အခန်း ( ၃၁ )

853 163 9
                                    

// Unicode //


ယန်ယွဲ့ အိမ်ပြန်ရောက်သောအခါ ယင်ချင်းလန်သည် ယင်ယုံသဲ့နှင့်အတူ ရှိနေသည်။

ချစ်စရာကောင်းပြီး ဖြူစင်သန့်ရှင်းသော သူမသမီးနှင့် မတူသည်မှာ ယင်ချင်းလန်သည် ရှားပါးသော အလှတရားတစ်ခု ဖြစ်သည်။ သူမသည် အသက်ငါးဆယ် ကျော်နေပြီဖြစ်သော်လည်း သူမ၏အလှကို ကောင်းမွန်စွာ ထိန်းသိမ်းထားကာ ယန်ယွဲ့၏ ကြည့်ကောင်းသော အသွင်အပြင်တစ်ဝက်မှာ ယင်ချင်းလန်၏ဗီဇမှ ဆင်းသက်လာခြင်းဖြစ်သည်။

ယင်ချင်းလန်သည် ယန်ယွဲ့ စိတ်ရောဂါ ရှိနေသည်ဟူသော ယခင် ကောလဟလများအကြောင်းကို မသိခဲ့ပေ။ သူမသည် Hopewell Group ၏ ရှယ်ယာရှင်တစ်ဦး ဖြစ်သော်လည်း ကုမ္ပဏီ၏အရေးကိစ္စများကို လုံးဝဂရုမစိုက်ပေ။ ယင်ယာ့၏ ရည်ရွယ်ချက်ရှိရှိ ဖုန်းကွယ်ထားမှုနှင့်အတူ ယန်ဟိုင် မလှုပ်ရှားခင်အထိ သူမ ဘာမှ မသိခဲ့ရပေ။ ယန်ယွဲ့ နေမကောင်းဖြစ်နေသည်ကို သူမ မယုံကြည်သဖြင့် သူမသည် ယင်ယုံသဲ့ထံသို့ တိုက်ရိုက်သွားပြီး ယန်ယွဲ့ကို ပြန်လာခိုင်းခဲ့သည်။

ယင်ယုံသဲ့သည် သူ့ဘဝတွင် သမီးတစ်ယောက်သာ ရှိသဖြင့် ၎င်းနှင့်ပတ်သက်၍ သူ ဘာမှမတတ်နိုင်ပေ။ သူ့မှာ သူမကြောင့် အတော်လေး စိတ်ရှုပ်ရလွန်းသဖြင့် သူမကို လေးလေးနက်နက်သာ ပြောနိုင်တော့သည်။

“ အားယွဲ့ကို နေ့လည်စာအတူစားဖို့ ငါ ခေါ်ထားပြီးပြီ... ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမလဲဆိုတာ အားယွဲ့ အပေါ်မှာပဲ မူတည်တယ် "

သူမအဖေက သူ့တာဝန်ဝတ္တရားများကို ရှောင်ဖယ်နေသည်ဟု ခံစားနေရသော ယင်ချင်းလန်သည် မကျေမနက်ဖြင့် စိတ်ထဲကအတိုင်း ပြောလိုက်သည်။

“ အားယွဲ့က ဒီလိုမျိုးနဲ့ ယန်ရှုဟွေ့ ကန်ထုတ်တာ ခံလိုက်ရတယ်... ယန်ဟိုင်ကတောင် သူ့ခေါင်းပေါ် တတ်နေပြီကို... အဖေက ဘယ်လိုလုပ်ပြီး ဒီအတိုင်းငြိမ်ငြိမ် ထိုင်နေနိုင်သေးတာလဲ "

ယင်ယုံသဲ့မှာ မျက်မှောင်ကြုတ်လျက် ပြစ်တင်ရှုံ့ချလိုက်သည်။

“ အားယွဲ့က မင်းရဲ့သား ဆိုတာကို အခု မင်း မှတ်မိသွားပြီပေါ့လေ... အားယွဲ့က ဖိအား အရမ်းများနေတာမလို့ ခဏလောက် အနားယူလိုက်တာလည်း ကောင်းပါတယ်... ယန်ဟိုင်က အားယွဲ့ကို သူ့ရာထူးကနေ နှုတ်ထွက်စေဖို့ မလုံလောက်ဘူး "

Pastoral Daily Life ||ဘာသာပြန်||Where stories live. Discover now