💕 - 2

2.4K 74 13
                                    

✍️ Unicode

တစ်နေ့တာကိုအနားယူတော့မဲ့ပုံနဲ့ အနောက်အရပ်မှာမေးတင်စပြုနေပြီဖြစ်တဲ့ နေမင်းကြီးကပုဇွန်ဆီရောင်နတ်မိမယ်တွေနဲ့ အိပ်ချင်မူးတူးကခုန်လို့ကောင်းနေတုန်း။

စံပယ်ပန်းတွေအဆုပ်လိုက်ကြဲပက်ထားတဲ့ပုံစံမျိုးနဲ့တိမ်စိုင်တွေကတော့ ဟိုတစ်စုဒီတစ်စုနေရာယူထားကြရင်း ကြည်လင်ပြာစင်နေတဲ့ကောင်းကင်ကြီးကိုအလှဆင်နေကြလေရဲ့။

ပွဲခင်းဆီကလွင့်လာတဲ့သီချင်းသံဟာ ပွဲဈေးတန်းကြားကလမ်းမတွေပေါ်မှာလှုပ်ရှားမြူးထူးခုန်ပေါက်ကြလို့။ညနေခင်းရဲ့လတ်ဆတ်တဲ့လေနုအေးတွေပါအတူတူပျော်မြူးနေကြတယ်ထင်ပါရဲ့။

အဝတ်အစားအသစ်နဲ့မိန်းမပျိုလေးတွေရဲ့တခစ်ခစ်ရယ်မောသံကြားမှာ ပွဲဈေးခင်းကလွင့်တက်လာတဲ့မီးခိုးလေးတွေပါယိမ်းနွဲ့လို့လှုပ်ရှားကြ။

ဘိုကေချောချောနဲ့ကလသားတသိုက်ဆီကမျက်လုံးတွေဟာ ပွဲဈေးတန်းကိုလမ်းသလားရင်း တခစ်ခစ်ရယ်မောနေတဲ့မိန်းကလေးတွေဆီမှာတထောက်နားလို့။

ပုဇွန်ဆီရောင်နတ်မိမယ်တွေရဲ့တန်ခိုးနဲ့ အပြိုင်အဆိုင်လှနေကြတဲ့မိန်းခလေးတွေကလည်း မခို့တရို့အမူအယာတွေနဲ့ရှက်သွေးပိုနေကြပြန်ပါရောလား။

အရာရာလှပနေကြတဲ့အထဲမှာမှ နေမင်းခန့်ကတော့ ဆီအိုးထဲမှာပေါလောပေါ်လာတဲ့အကြော်လေးတွေကကြည့်လို့အကောင်းဆုံး။

ပွက်ပွက်ဆူနေတဲ့ဆီပွက်ကလေးတွေကြားထဲမှာ ယိမ်းကသလိုလှုပ်ရှားနေကြတဲ့အကြော်ကလေးတွေက နေမင်းခန့်မျက်လုံးတွေကိုဖမ်းစားထားနိုင်ကြတာပဲကိုး။

မုန့်နှစ်နဲ့နယ်ထားတဲ့ဘူသီးချောင်းကလေးကို ဆီအိုးထဲကိုထည့်လိုက်တဲ့အခါ ဆီထဲကိုနစ်သွားတဲ့ဘူသီးအ‌ချောင်းလေးကိုနေမင်းခန့်ကအားနာနေမိပြန်ရော။

ဒါပေမဲ့ အဲဒီနစ်သွားတဲ့အကြော်ကလေးဘယ်အချိန်ပြန်ပေါ်လာမလဲစောင့်ကြည့်နေရတာကတော့နေမင်းခန့်အတွက်ရင်ခုန်စရာတစ်ခု။နစ်မြုပ်သွားရာကနေအပေါ်ကိုပြန်တက်လာနိုင်တာဟာအောင်မြင်မှုတစ်ခုပဲမဟုတ်လား။

💕 မင်း ချစ်တဲ့ မောင်Hikayelerin yaşadığı yer. Şimdi keşfedin