💕 - 36

466 25 0
                                    

✍️ Unicode

" အစ်ကိုလေး ဟင်းကသိုးနေလို့တဲ့… "

အေးသီစကားကြောင့်နေမင်းခန့်ရောမောင်ပါမျက်လုံးပြူးသွားကြတယ်။‌မြို့ကိုရောက်တုန်းမောင်ကအဘိုးအဘွားတွေကိုတရုတ်စာကျွေးချင်တယ်ဆိုတာနဲ့ဆိုင်ကနေအခုမှဝယ်ချလာတဲ့ပူပူနွေးနွေးဟင်းတွေကဘယ်လိုကနေ ဘယ်လိုသိုးသွားရတာတဲ့လဲ။

ဗောဓိတစ်ထောင်မှာအဘိုးအဘွားတွေကရပ်တော်မူဘုရားကြီးပေါ်တက်ချင်တယ်ဆိုတာနဲ့စောင့်ပေးပြီးမှထမင်းစားကြရတာဆိုတော့မိုးညှင်းသမ္ဗုဒ္ဓေရောက်တာနည်းနည်းနောက်ကျသွားပါလေရော။

မိုးညှင်းသမ္ဗုဒ္ဓေကိုမဝင်တော့ဘဲမန္တလေးကိုဆက်သွားဖို့ပြောကြပေမဲ့ မောင်ကရောက်ပြီးသားအတူတူ အဘိုးအဘွားတွေကိုမိုးညှင်းသမ္ဗုဒ္ဓေကိုလည်းဖူးစေချင်တယ်ဆိုပြီးအဖူးခိုင်းတာ။

နောက်တစ်နှစ်ကိုဘုရားဖူးပြန်ပို့နိုင်သေးရင်တောင် အသက်ကြီးပြီဖြစ်တဲ့အဘိုးအဘွားတွေကပြန်လိုက်နိုင်ဖို့ဆိုတာမသေချာတော့ဘူးတဲ့။ဒီတော့အခုသေချာနေတုန်းကိုဖူးစေချင်တယ်တဲ့။

မိုးညှင်းသမ္ဗုဒ္ဓေမှာလည်းအဘွားဒေါ်ခွေးမနဲ့တော့အမှတ်တရပါပဲ။မိုးညှင်းသမ္ဗုဒ္ဓေဘုရားဝင်းထဲက မျှော်စင်ပေါ်ကိုအဘွားဒေါ်ခွေးမကတက်ဖို့လုပ်တာ။မိန်းမမတက်ရလို့ရေးထားပေမဲ့အဘွားဒေါ်ခွေးမကစာမှမဖတ်တတ်ပဲကိုး။

မိန်းမမတက်ရလို့ရေးထားတယ်အဘွားရဲ့ အပေါ်ကိုတက်လို့မရဘူးလို့ပြောတော့ နင်တို့စာတတ်တဲ့သူတွေကြောင့်ငါမတက်ရတာ ငါ့လိုစာမတတ်သူတွေချည်းဆို ရေးထားတာကိုမဖတ်တတ်တာနဲ့ပဲအပေါ်ကိုရောက်ဖူးသွားမှာတဲ့။

နင်တို့စာတတ်တဲ့သူတွေအလုပ်ကိုရှုပ်တယ်ဆိုပြီးရန်ထောင်နေလို့ရယ်ကြရသေး။အဘွားဒေါ်ခွေးမရဲ့နာမည်အရင်းကဒေါ်ခင်ကြည်တဲ့။ဒါပေမဲ့ဘယ်ကနေဘယ်လိုရလာမှန်းမသိတဲ့ဒေါ်ခွေးမဆိုတဲ့နာမည်ကိုပဲလူသိများကြတာ။

အဘွားဒေါ်ခွေးမကိုယ်တိုင်ကလည်း ဒေါ်ခင်ကြည်လို့ခေါ်ရင်ထူးဖို့တောင်မေ့နေသတဲ့လေ။ဒေါ်ခွေးမလို့ခေါ်မှပဲမြန်မြန်ဆန်ဆန်ပြန်ထူးမိသတဲ့။ဒီလိုနဲ့ပဲ လူတွေကဒေါ်ခင်ကြည်လို့မခေါ်ကြတော့ဘူး။ကြီးကြီးငယ်ငယ်အကုန်လုံးကဒေါ်ခွေးမပဲဖြစ်ကုန်ကြတော့တာ။

💕 မင်း ချစ်တဲ့ မောင်Dove le storie prendono vita. Scoprilo ora