💕 - 33

738 25 2
                                    

✍️ Unicode

မနက်ဖြန်ဆိုတပေါင်းလပြည့်နေ့။မြတမာရွာကလေးရဲ့ဘုရားပွဲနေ့ပေါ့။ဒီနေ့ကတော့ဘုရားပွဲအဝင်နေ့။မနက်ကတည်းကရွာထဲကိုလူတွေရောက်လာကြတာမနည်းဘူး။

တချို့ကနွားလှည်းတွေနဲ့လာကြသလို့၊တချို့ကတော့ခြေလျင်လာကြတာ။များသောအားဖြင့်တော့ သက်ကြီးရွယ်အိုတွေကလှည်းနဲ့လာကြတာပါပဲ။

ပြောရရင်တော့ဒီအချိန်တွေကတောင်သူသမားတွေအလုပ်နားချိန်လို့ပြောရမှာပါပဲ။စပါးနဲ့ ပဲ၊နှမ်းတွေအားလုံးသိမ်းပြီးလို့အနားယူကြတဲ့အချိန်။

ယောသားတွေရဲ့စာဆိုအရတော့တပေါင်းတန်ခူးယောသားမြူးချိန်ပေါ့။မြူးကြ၊ပျော်ကြမှာပေါ့။ဒီလိုအချိန်ဆိုထန်းရေကလည်းပေါပြီ‌။

ဒီတော့အခုလိုအလုပ်နားကြတဲ့အချိန်မှာ ထန်းရေလေးသောက်လိုက်ကြ၊တစ်ရွာနဲ့တစ်ရွာကိုဘုရားပွဲကျင်းပချိန်မှာအလည်သွားလိုက်ကြ၊ဆွေတွေမျိုးတွေရင်းရင်းနှီးနှီးစကားလက်ဆုံပြောကြနဲ့ပျော်ရွှင်ကြရတဲ့အချိန်တွေပါပဲ။

ညနေစောင်းနေဝင်ချိန်ရောက်ပေမဲ့အလင်းရောင်ကတော့ရှိနေတုန်း။ဒါပေမဲ့ဆရာတော်ကျောင်းကနေတစ်ရွာလုံးကအိမ်တွေကိုမီးပေးထားသလို၊နေမင်းခန့်တို့ကလည်းရွာထဲလမ်းတွေကိုမီးထွန်းပေးထားတာမို့ တစ်ရွာလုံးလင်းထိန်လို့။

နေမင်းခန့်တို့မရောက်ခင်ကစ ဆရာတော်ကျောင်းမှာမီးစက်ရှိပြီးသား။အရေးအကြောင်းရှိတဲ့အခါမျိုး၊ဘုရားပွဲတွေ၊အလှူတွေရှိတဲ့အခါမျိုးဆိုရင်တော့မီးစက်နှိုးပြီးမီးထွန်းနေကြ။

ဒါပေမဲ့မီးစက်ကအကောင်ရေသေးတာရော၊ဒိုင်နမိုကဝပ်အားနည်းတာရောကြောင့်အိမ်တွေကိုတော့မီးထွန်းမပေးနိုင်ဘူးပေါ့။ဒါနဲ့ပဲနေမင်းခန့်တို့ကတစ်ရွာလုံးကိုမီးထွန်းနိုင်အောင် အကောင်ရေများတဲ့မီးစက်နဲ့ဒိုင်နမိုအကြီးကြီးကိုအသစ်ဝယ်လှူလိုက်တာ။

အိမ်မီးတွေကိုတော့ဆရာတော်ကျောင်းကမီးပေးပေမဲ့လမ်းမီးတွေကိုတော့နေမင်းခန့်တို့အိမ်ကပဲထွန်းတာပါ။အိမ်မီးတွေကိုအရေးအခါရှိမှဆရာတော်ကမီးပေးပေမဲ့ နေမင်းခန့်တို့ကတော့လမ်းမီးတွေကိုညတိုင်းထွန်း‌ပေးတာ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now