💕 - 48

559 30 3
                                    

✍️ Unicode

တပေါင်းလဆိုပေမဲ့ မနက်ခင်းကတော့အအေးဓာတ်တွေလွှမ်းခြုံထားတုန်း။မြူမှုန်တွေရှိနေဆဲမနက်ခင်းဟာ အလင်းရောင်ပြပြနဲ့ နေ့သစ်တစ်နေ့ကိုစတင်ဖို့အားယူနိုးထနေကြပြီ။

ဟိုတစ်စုဒီတစ်စုတိမ်ညိုညိုအုပ်စုလေးတွေကြောင့် နေရောင်ရှိနေပေမဲ့ အပူဒဏ်ကတော့ရောက်မလာသေးဘူး။အေးချမ်းတဲ့မနက်ခင်းမှာမြတမာကတော့ အရင်နေ့တွေနဲ့မတူအောင်လှုပ်ရှားသက်ဝင်လို့။

ဒီနေ့တော့မြတမာတစ်ရွာလုံးမီးခိုးတိတ်။ကလေး၊လူကြီး၊ခွေးပါမကျန် နေမင်းခန့်တို့အလှူမဏ္ဍပ်မှာကျွေးတာ။ဒီနေ့ကသားငယ်ကိုရှင်ပြုပြီးသမီးကိုနားထွင်းမင်္ဂလာလုပ်တဲ့ပွဲ။

နေမင်းခန့်တို့အလှူကလက်ဖွဲ့ငွေလက်မခံဘူး။တခြားအလှူတွေဆိုရင်လက်ဖွဲ့ငွေလက်ခံတတ်ပေမဲ့ မောင်ကတစ်ပြားမှလက်မခံရဘူးတဲ့။အလှူကိုအလှူနဲ့တူအောင်လုပ်ရမတဲ့။

အလှူမဏ္ဍပ်ကနေမင်းခန့်အိမ်ဝင်းနဲ့အပြည့်ထိုးထားတာ။မြို့ကအလှဆင်မဏ္ဍပ်ကိုငှားတာမို့ မဏ္ဍပ်တစ်ခုလုံးကရွှေရောင်တွေဖိတ်ဖိတ်တောက်လို့။မနက်ခင်းအလင်းရောင်အောက်မှာ နေမင်းခန့်တို့အလှူမဏ္ဍပ်ကြီးက ဟီးထနေတော့တာ။

မဏ္ဍပ်ထဲမှာလည်းရွာက ကာလသားကာလသမီးတွေကဖဲကြိုးတွေနဲ့အလှဆင်ပေးထားတာမို့ မြင်မြင်ရသမျှကလှပလို့။လေတိုက်တိုင်းလှုပ်ခါနေတဲ့ပူဖောင်းလေးတွေကလည်း နေမင်းခန့်တို့အလှူကိုရောက်လာတဲ့သူတွေနဲ့အတူ ပျော်ရွှင်မြူးထူးကခုန်နေကြသလိုမျိုး။

နာမည်ကျော်စိန်ဒူဝါးဆိုင်းကဧည့်ခံတီးပေးနေတဲ့ဗြောသံကလည်း မြတမာတစ်ရွာလုံးကိုလွှမ်းခြုံလို့။နေခြည်ဖြာနေတဲ့ကြားမှာပြိုးပြိုးပျက်ပျက်လက်နေတဲ့အလှူမဏ္ဍပ်နဲ့မြတမာရွာရဲ့အပြင်ဘက်ထိလျှံထွက်လာတဲ့ဗြောသံတို့ကလိုက်ဖက်လွန်းလှပါဘိ။

နေမင်းခန့်တို့အလှူကဝက်သားကျွေး။မောင်ကအကုသိုလ်ကင်းနိုင်သမျှကင်းအောင်ပုဇွန်ခြောက်နဲ့ကြက်သွန်ကြော်ကျွေးချင်ပေမဲ့ သားငယ်ကမရဘူး။အေးသီတို့မင်္ဂလာဆောင်မှာဝက်သားကျွေးတာကိုသဘောကျနေတာထင်ပါရဲ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now