💕 - 13

943 37 0
                                    

✍️ Unicode

ဒီနေ့တော့နေမင်းကစိတ်ကြည်လင်နေတယ်ထင်ပါရဲ့။မနက်ခင်းကိုသာသာယာယာနဲ့စတင်တယ်။နေရောင်အလင်းတန်းတွေကသစ်ရွက်ကလေးတွေကြားကနေ နေမင်းခန့်တို့ဆိုင်ရှေ့ကိုခုန်ပေါက်ဆင်းလာကြတယ်။

တစတစနေရာယူလာကြတဲ့မနက်ခင်းရဲ့နေရောင်ခြည်နုနုဟာ ဝတ္တရားကျေပွန်စွာနဲ့ အရာရာကိုရင်းရင်းနှီးနှီးထွေးပွေ့နှုတ်ဆက်ကြတယ်။

နေရောင်ခြည်နွေးနွေးအောက်မှာငှက်လေးတွေစိုးစိုးစီစီနဲ့အိပ်ရာထလာကြတယ်။တစ်နေ့တာကိုစတင်အလုပ်လုပ်ကြတော့မယ်ထင်ပါရဲ့။

နေမင်းခန့်လည်းဆိုင်ဖွင့်ပြီးတံမြက်စည်းနဲ့သန့်ရှင်းရေးလုပ်တယ်။ဈေးဝယ်သူအမြင်မှာကြည့်လို့ကောင်းအောင် ခင်းကျင်းထားတဲ့ပစ္စည်းတွေနေရာတကျဖြစ်အောင်သေချာပြန်စီရတယ်။ပြီးတော့မှ ကုန်နေတဲ့ပစ္စည်းတွေပြန်မှာဖို့ဈေးမှာစာရင်းလုပ်ရတယ်။

အခုအချိန်ရာသီကလယ်ထဲမှာပေါင်းရှင်းကြတဲ့ရာသီမို့ ဈေးဝယ်သူနည်းပါတယ်။ဈေးဝယ်သူနည်းလို့ပဲ မောင်နဲ့ဘိုးညီတောင် မနက်စောစောကတည်းကလယ်တောကြည့်ရင်းဆိုပြီးလမ်းလျောက်ထွက်သွားကြလေရဲ့။

သားနဲ့သမီးကတော့အိမ်အနောက်ဘက်မှာအဖွားအေးညိုတို့အိမ်ကယူလာတဲ့ခွေးကလေးနဲ့ဆော့နေကြတယ်။ခွေးကလေးက တောခွေးဆိုပေမဲ့အခုမှ အမေနို့နဲ့ခွဲကာစမို့နေမှာပေါ့ဝဝကစ်ကစ်နဲ့ချစ်စရာလေး။

ဝရုံသာမကအမွေးကလည်းထူထူလေးနဲ့မို့သားနဲ့သမီးကမောင်မရှိရင်လက်ပေါ်ကသိပ်မချဘဲချစ်ကြတယ်။မောင်ရှိရင်တော့အရမ်းမချီရဲကြပါဘူး။

မောင်ကခွေးကိုချီနေတာမျိုးမကြိုက်ဘူး။ကလေးတွေကိုရောဂါရမှာစိုးသတဲ့။ဒါပေမဲ့သားနဲ့သမီးကခွေးကလေးကိုချစ်ကြတော့မောင်လစ်ရင်လစ်သလိုအပြေးချီကြတာပါပဲ။

သားနဲ့သမီးသာမကဘူး။နေမင်းခန့်ကိုယ်တိုင်ကလည်းခွေးချစ်တယ်။မောင်လစ်ရင်လစ်သလိုအဲဒီခွေးကလေးကိုသားနဲ့သမီးလက်ထဲကနေလုပြီးချီတာပါပဲ။

ခွေးကလေးကတအီအီနဲ့အော်လေပိုပြီးအသဲယားလေပိုချီချင်လေနဲ့မို့မောင်မရှိရင်နေမင်းခန့်တို့သားအဖသုံးယောက်သားခွေးလုပြီးချီနေကြ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now