💕 - 23

707 31 0
                                    

✍️ Unicode

" ဦးနေမင်းခန့်၊ဦးရှင်းသန့်မောင်၊သားလေးမင်းခန့်မောင်နဲ့သမီးလေးမေခမောင်တို့တစ်မိသားစုလုံး ကျန်းမာကြပါစေ... ချမ်းသာကြပါစေ... အန္တရာယ်ကင်လို့ဘေးရှင်းကြပါစေ... ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ကြပါစေ... သွားလမ်းသာလို့လာလမ်းရှင်းကြပါစေ... သွားလေရာလာလေရာခလုတ်မထိဆူးမငြိကြဘဲ ကြံတိုင်းအောင်လို့ဆောင်တိုင်းမြောက်ကြပါစေ...... "

ထမင်းစား စားပွဲခုံတန်းရှည်တွေမှာထမင်းမစားခင်မတ်တပ်ရပ်ပြီးဆုတောင်းမေတ္တာပို့ပေးနေကြတဲ့ကလေးတွေရဲ့ညီညီညာညာအသံကြောင့်နေမင်းခန့်ရင်ထဲငိုချင်သလိုလိုတောင်ဖြစ်လာတယ်။

မောင့်ကိုကြည့်လိုက်တော့မောင်လည်းမျက်ရည်ကြည်တွေဝေ့သီနေဟန်ပါပဲ။နေမင်းခန့်တို့ငယ်ငယ်တုန်းကလည်းဒီလိုပဲအလှူရှင်တွေကိုထမင်းမစားခင်ဆုတောင်းမေတ္တာပို့ခဲ့ရပေမဲ့အခုလိုမျိုးမခံစားခဲ့မိဘူးထင်ပါရဲ့။

ကိုယ်တိုင်ကအလှူရှင်မဟုတ်ခဲ့တာရော၊ကလေးဖြစ်နေခဲ့တာရောကြောင့်နေမှာပေါ့။အခုတော့ကိုယ်ကိုယ်တိုင်ကအလှူရှင်ဖြစ်လာခဲ့ပြီကိုး။ဒီတော့ခံစားချက်ခြင်းမတူတော့တာလည်းပါမှာပေါ့။

ကလေးတွေဆီကထွက်လာတဲ့ဆုတောင်းမေတ္တာပို့သံကြောင့်ဖြစ်လာတဲ့ပီတိကဘယ်အရာနဲ့မှကိုမလဲနိုင်ဘူး။ကိုယ်လှူတဲ့ထမင်းနဲ့ဟင်းကိုအားရပါးရစားနေကြတဲ့ကလေးတွေကိုကြည့်ပြီးရင်ထဲမှာဝမ်းသာပီတိဖြစ်ရတာကလည်းအရင်လှူခဲ့ဖူးတာတွေနဲ့မတူဘူး။

" နေမင်းခန့် ဟင်းတွေလိုက်ထည့်ပေးလေ... "

မောင့်ဆီကအသံကြောင့်နေမင်းခန့်အတွေးတွေလည်းကြောက်လန့်တကြားနဲ့ဘယ်ဆီကိုထွက်ပြေးသွားကြလေတယ်မသိ။မောင့်ကိုကြည့်လိုက်တော့ဟင်းတွေထည့်ထားတဲ့ချိုင့်တစ်လုံးနဲ့ကလေးတွေကြားမှာအလုပ်ရှုပ်လို့။

ကိုယ့်ကအလှူရှင်ရယ်လို့အခန့်သားနေတာမျိုးကိုမောင်မကြိုက်ဘူး။မောင်ကိုယ်တိုင်ကထမင်းစားနေတဲ့ကလေးတွေကြားထဲမှာထမင်းဟင်းတွေလိုက်ထည့်ပေးနေတာ။

💕 မင်း ချစ်တဲ့ မောင်Tahanan ng mga kuwento. Tumuklas ngayon