💕 - 34

530 23 0
                                    

✍️ Unicode

ဒီနေ့တော့ပျော်ရွှင်စွာရယ်မောသံတွေကမြတမာအနှံ့မှာပျံ့လွင့်လို့နေတယ်။တစ်ယောက်နဲ့တစ်ယောက်အော်ခေါ်ကြ၊နှုတ်ဆက်ကြ၊စကားတွေပြောကြ၊ရယ်မောလိုက်ကြနဲ့မြတမာဟာမြူးထူးလှုပ်ရှားလို့ပေါ့။

အသံစာစာနဲ့ငှက်ကလေးတွေတောင်မှင်တက်မိနေကြသလားမသိဘူး။အရင်နေ့ကဆူဆူညံညံအော်မြည်နေတတ်တဲ့သူတို့အသံလေးတွေတောင် မြတမာလမ်းတွေပေါ်ကရယ်မောသံတွေကိုဖောက်ထွက်မလာတော့ဘူး။

ပျော်ရွှင်နေကြတဲ့အထဲမှာသက်ရှိတွေတင်မကဘူး။နေရောင်ခြည်တွေလည်းပါတယ်။ပျော်ရွှင်မြူထူးနေကြတဲ့နေရောင်ခြည်တွေကသစ်ပင်တွေပေါ်ဖြတ်ပြေးသွားကြတဲ့အခါ သစ်ရွက်တွေကအသာယိမ်းနွဲ့ရင်းခိုးခိုးခစ်ခစ်နဲ့တီးတိုးရယ်မောကြတယ်။

ဒီနေ့ကတပေါင်းလပြည့်နေ့။ပြောရရင်တော့ တစ်နှစ်မှာတစ်ခါသာကျင်းပလေ့ရှိတဲ့မြတမာရွာရဲ့ဘုရားပွဲနေ့။
မြတမာဘုရားပွဲကတခြားရွာဘုရားပွဲတွေထက်ပိုစည်လေ့ရှိတယ်။အခုလည်းလူတွေခြိမ့်ခြိမ့်မွမ်းလို့ပါပဲ။ရွာထဲလမ်းတွေမှာလူမှမစဲတာ။

ဘုရားပွဲဆွမ်းလောင်းကြတော့လည်း ဆွမ်းလောင်းကြတဲ့ကြာကန်ကြီးမှာဆွမ်းလောင်းသူတွေများလွန်းလို့နှစ်ထပ်သုံးထပ်တောင်ရံရတယ်တဲ့။

နေမင်းခန့်နဲ့မောင်ကတော့ဆွမ်းလောင်းမလိုက်ဖြစ်ဘူး။နေမင်းခန့်ကမှတစ်ခါတစ်ခါလိုက်တတ်သေးပေမဲ့ မောင်ကတော့ပထမနှစ်တစ်ခါလိုက်ပြီးကတည်းကနောက်ထပ်မလိုက်တော့ဘူး။

နေမင်းခန့်တို့မြတမာရွာကိုစရောက်လာတာ မြတမာရွာဘုရားကြီးထီးတင်တဲ့နှစ်။ဘုရားထီးတင်မှာပွဲငှားကြတာ။အဲဒီပွဲမှာဘေထုပ်လာရောင်းရင်းနဲ့မြတမာကိုရောက်လာကြတာ။

ဆရာတော်တွေဟောတဲ့ပဋ္ဌာန်းဆက်ဆိုတာကိုအခုတော့နေမင်းခန့်လက်ခံလာရပြီ။ပဋ္ဌာန်းဆက်ပါလာလို့သာ မြတမာမှာနေမင်းခန့်တို့နေဖို့အကြောင်းအရာတွေကမျက်လှည့်ပြသလိုဖြစ်ပျက်ခဲ့တာမလား။

ဒါပေမဲ့မြတမာမှာနေရတာကိုနေမင်းခန့်ပျော်ပါတယ်။နေမင်းခန့်တို့ဘဝတွေကမြတမာရောက်လာမှပဲတောက်တောက်ပြောင်ပြောင်ဖြစ်လာတာကိုး။ပဋ္ဌာန်းဆက်ဆိုတာဒါပဲနေမှာပေါ့။အကျိုးပေးလို့အကြောင်းထင်တာပေါ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now