💕💦 - 40

566 20 0
                                    

✍️ Unicode

🪴💦 သင်္ကြန်အကျနေ့

နေမင်းခန့်တို့ဘုရားဖူးကားမြတမာကိုဝင်လာတော့ မနက်ခင်းအလင်းကအနီရောင်ဘက်ကိုသန်းချင်တုန်း။မဏ္ဍပ်ကနေသင်္ကြန်သီချင်းတွေဖွင့်ထားပေမဲ့ကကြမဲ့ယိမ်းသမတွေတော့ရောက်ကြသေးဟန်မတူဘူး။

ယိမ်းသမတွေကမဲ့ဇာတ်စင်ကနေမင်းခန့်တို့အိမ်ပေါက်ဝပိတောက်ပင်ကြီးအောက်တည့်တည့်မှာ။နေပူလာပေမဲ့လည်း ကတဲ့သူတွေကတော့ ပိတောက်ပင်အရိပ်နဲ့အေးမြနေရော။ဇာတ်ခုံပေါ်တက်မဲ့လှေကားက နေမင်းခန့်တို့အိမ်ဝင်းပေါက်အထွက်နဲ့ကွက်တိ။

ယိမ်ကမဲ့အဖွဲ့ကနေမင်းခန့်တို့အိမ်ဝင်းထဲကဆေးခန်းထဲဝင်ပြီးအဝတ်အစားလဲကြမှာဆိုတော့ သွားရလာရလွယ်ကူအောင်လုပ်ထားတာနေမှာ။ဇာတ်ခုံရဲ့ဟိုဘက်မှာက ရေပက်စင်။

ရေပက်စင်နဲ့ဇာတ်ခုံကိုခွဲထားလိုက်တာအဆင်ပြေတယ်။ဒါမှမဟုတ်ရင် ကကြခုန်ကြနဲ့ နေမင်းခန့်တို့အိမ်ရှေ့မှာရေတွေအိုင်ထွန်းနေတော့တာ။အခုလိုဆို ရေတွေအိုင်မနေတော့ဘူးပေါ့။

ရေပက်စင်မှာလည်း ရေပက်မဲ့သူတွေမရှိသေးဘူး။ရေစက်လည်းမမောင်းရသေးဘူးကိုး။ရေမပက်သေးတော့ မဏ္ဍပ်အောက်မှာကမဲ့သူတွေလည်းမလာကြသေးဘူးပေါ့။

မဏ္ဍပ်ကတော့အထူးတလည်ဆောက်မနေပါဘူး။နေမင်းခန့်တို့အိမ်ဝင်းထဲမှာပဲကျွေးလိုက်ကြတာများပါတယ်။ဇွန်းပုဂံခွက်ယောက်တွေအစုံရှိပြီးသား၊စားပွဲတွေလည်းနေရာချပြီးသားဆိုတော့ သပ်သပ်ကြီးအလုပ်မရှုပ်တော့ဘူးပေါ့။

နေမင်းခန့်တို့ကားရပ်ပြီးကားပေါ်ကဆင်းကြတော့ ကာလသားလေးတွေမောင့်နားကပ်လာကြတယ်။ဒီမနက် မဏ္ဍပ်ကိုလာသမျှလူတွေအတွက် စတုဒီသာကျွေးဖို့မပြင်ဆင်ရသေးဘူးတဲ့။

နှစ်တိုင်းကိုအရီးထွေးညိုတို့ကစီစဉ်ပေးနေကြဆိုတော့ အရီးထွေးညိုကိုစောင့်နေကြဟန်ပါပဲ။နေမင်းခန့်တို့ကလည်းသင်္ကြန်အကြိုနေ့ကို ပြန်ရောက်မှာလို့ပြောထားခဲ့တာဆိုတော့ ညတုန်းကစစောင့်နေခဲ့ကြတာနေမှာပေါ့။

ပြီးတော့ သင်္ကြန်အကြတ်နဲ့အတက်နေ့တွေမှာအလှူရှင်ပေါတတ်ပေမဲ့သင်္ကြန်အကျနေ့ဆိုအလှူရှင်ကမရှိတတ်ဘူး။အကျဆိုတဲ့နာမည်ကိုမကြိုက်ကြဘူး။ရိုးသားတဲ့တောသူတောသားတွေရဲ့အစွဲပေါ့လေ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now