💕 - 22

833 27 0
                                    

✍️ Unicode

ဘေးမှာတရိပ်ရိပ်ကျန်နေခဲ့တဲ့မြင်ကွင်းတွေကိုလမ်းမကြီးပေါ်မှာပြေးလွှားနေတဲ့ကားကလေးပေါ်ကနေကြည့်ပြီးသားနဲ့သမီးကပျော်ရွှင်နေကြတယ်။

ကားလမ်းဘေးကလယ်ကွင်းယာကွင်းတွေထဲမှာလူတွေတွေ့ရင်လက်ပြနှုတ်ဆက်လိုက်ကြ၊နွားတွေကျွဲတွေတွေ့ရင်ဝေးလို့အော်လိုက်ကြ၊ဆိတ်အုပ်သိုးအုပ်တွေတွေ့ရင်အထူးအဆန်းတစ်ခုလိုနေမင်းခန့်နဲ့မောင့်ကိုလက်ညိုးတွေထိုးပြလိုက်ကြ၊လက်ထဲကစားလက်စမုန့်တွေကိုဆိတ်အုပ်သိုးအုပ်တွေဆီပစ်ပေးလိုက်ကြနဲ့တော်တော်ကိုပျော်ရွှင်နေကြပုံပါပဲ။

ဆိတ်တို့သိုးတို့ကိုကလေးတွေတို့မှမမြင်ဘူးသေးဘဲကိုး။မြင်ရသမျှတော်တော်များများကလည်းသူတို့အတွက်တော့အထူးအဆန်းလိုကိုဖြစ်နေတော့တာထင်ပါရဲ့။

ကားကမြို့တွေထဲကိုဖြတ်သွားတဲ့အခါ တိုက်အမြင့်ကြီးတွေကိုလက်ညိုးထိုးပြပြီးတအံ့တဩငေးမောကြ။အရုပ်ဆိုင်တွေတွေ့တဲ့အခါကြ‌တော့လည်းမောင့်ကိုပူဆာကြနဲ့သားနဲ့သမီးကပျော်မဆုံးဘူး။

သားနဲ့သမီးမှမဟုတ်ပါဘူး။နေမင်းခန့်တို့ကြီးပြင်းခဲ့ရာဂေဟာဆီကိုသွားကြတဲ့ခရီးက နေမင်းခန့်နဲ့မောင့်အတွက်လည်းတကယ့်ကိုပျော်စရာပါပဲ။နေမင်းခန့်မှမဟုတ်ပါဘူး။ကားပေါ်ပါလာသူအားလုံးလည်း လန်းလန်းဆန်းဆန်းနဲ့တက်တက်ကြွကြွပျော်ရွှင်နေကြတာပါပဲ။

မြတမာရွာမှာမွေး၊မြတမာမှာပဲကြီးပြင်းပြီးအဝေးနယ်ကိုရယ်လို့မှသိပ်မရောက်ဖူးကြသူတွေမလား။ဒီတော့မြို့ကိုခရီးထွက်တယ်ဆိုတာလည်းသူတို့အတွက်တော့အထူးအဆန်းပေါ့လေ။

ဘိုးညီနဲ့အေးသီကတော့မြို့ကိုရောက်ဖူးနေကြသူတွေမို့ဣန္ဒြေရကြပေမဲ့အဖွားအေးညိုနဲ့အရီးထွေးညိုကတော့သားနဲ့သမီးလိုပဲမြင်မြင်သမျှကိုပါးစပ်တွေအဟောင်းသားနဲ့ငေးမောကြည့်ကြတယ်။

ဒါတင်မကဘူး။မောင်ကဖြတ်သွားရာမြို့တိုင်းကတန်ခိုးကြီးဘုရားတွေကိုဝင်ပြီးအဖွားအေးညိုတို့ကိုဘုရားဖူးစေတယ်။ဘိုးညီကတပြုံးပြုံး၊အဖွားအေးညိုကသာဓုတခေါ်ခေါ်နဲ့ပျော်စရာကြီးပါ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now