💕💦 - 43

501 21 1
                                    

✍️ Unicode

🪴💦 နှစ်ဆန်းတစ်ရက်နေ့

နှစ်တစ်နှစ်ရဲ့အစဆုံးနေ့ဟာဘယ်လောက်တောင်လတ်ဆတ်နေခဲ့လိုက်သလဲ။မနေ့ကနဲ့မတူတော့တဲ့နေရောင်ခြည်တွေကဒီနေ့မှပိုလင်းလက်နေကြသလိုမျိုးနဲ့။

စွယ်တော်ရွက်လေးတွေတောင်ဒီနေ့တော့‌‌အိပ်ရာစောစောထလာကြတဲ့ဟန်။လန်းလန်းဆန်းဆန်းနဲ့လေအတိမ်းမှာယိမ်းနွဲ့လို့။ဒီနေ့မှပွင့်လာတဲ့ပန်းပွင့်လေးတွေလည်း နှစ်တစ်နှစ်ရဲ့အစဆုံးနေ့ကိုမြင်တွေ့ခွင့်ရတာမို့ ကံကောင်းကြပါပေရဲ့။

နေမင်းခန့်တို့ပိတောက်ပင်ကြီးလည်း တစ်ပင်လုံးဝါထိန်နေအောင်ပိတောက်ပန်းတွေပွင့်လို့။ညတုန်းကမပွင့်ဘဲကျန်နေတဲ့ပိတောက်ဖူးတွေက ထပွင့်ကြတာပဲဖြစ်မယ်။ပိတောက်နံ့တွေသင်းထုံနေတဲ့ဒီမနက်ခင်းမှာ သက်ရှိတွေအားလုံးဖြတ်လတ်တက်ကြွလို့ပေါ့။

နေမင်းခန့်တို့လည်း ဒီနေ့တော့တစ်အိမ်လုံးတရားနာသွားကြဖို့အဆင်သင့်။ပြန်လာမှပဲဈေးဆိုင်ဖွင့်ကြမှာ။မောင်က နှစ်တစ်နှစ်ရဲ့အစဆုံးနေ့နှစ်ဆန်းတစ်ရက်နေ့မှာကုသိုလ်ရတဲ့အလုပ်ကိုစပြီးလုပ်ကြရမယ်တဲ့။

တစ်နှစ်လုံးကိုကောင်းမွန်စွာဖြတ်သန်းနိုင်ဖို့ နှစ်ဦးကိုကုသိုလ်နဲ့စတင်ရမတဲ့။ဒါကမောင့်ရဲ့လက်သုံးစကား။အမှန်တော့တရားနာရတာပျင်းတဲ့နေမင်းခန့်နဲ့ဆရာဝန်မလေးကို လေပြေလေးနဲ့တရားချတာ။

ဘိုးညီကတော့ဒီနေ့ကစဈေးရောင်းရမယ်ဆိုပြီးနှစ်တိုင်းရောင်းခိုင်းတာ။နှစ်ဆန်းတစ်ရက်နေ့မှာဈေးရောင်းကောင်းရင်တစ်နှစ်လုံးဈေးရောင်းကောင်းတယ်ဆိုပဲ။

နှစ်ဆန်းတစ်ရက်နေ့မှာငွေဝင်ရင်တစ်နှစ်လုံးငွေဝင်သတဲ့။အဲလိုပဲ နှစ်ဆန်းတစ်ရက်နေ့မှာငွေထွက်ရင်လည်းတစ်နှစ်လုံးထွက်ရောတဲ့လေ။ဒါကတော့ရှေးလူကြီးတွေရဲ့အစွဲတစ်မျိုးနေမှာပေါ့။

နေမင်းခန့်နဲ့မောင်က‌တော့ဒီလိုအစွဲတွေရှိနေတာမျိုးမဟုတ်ပါဘူး။ဘိုးညီစိတ်ချမ်းသာအောင်ထားကြတာမျိုးပါ။ဘိုးညီကဖွင့်ဆိုဖွင့်လိုက်တာပါပဲ။ဘိုးညီကပိတ်ဆိုပိတ်လိုက်တာပါပဲ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now