💕💦 - 39

522 22 0
                                    

✍️ Unicode

🪴💦 သင်္ကြန်အကြိုနေ့

မနက်ခင်းအလင်းရောင်ခေါင်းပြူလာကတည်းက နေရာတိုင်းမှာသင်္ကြန်ရနံ့တွေသင်းပျံ့လို့နေတယ်။လေထဲမှာဝဲပါလာတဲ့သင်္ကြန်သီချင်းတွေကလွမ်းစရာ့အိမ်အပြန်ဒဏ်ရာတွေကိုနည်းနည်းတော့သက်သာလာစေတယ်ထင်ပါရဲ့။

မန္တလေးကအထွက် ဆိုင်တစ်ဆိုင်‌ရှေ့မှာမောင်ကကားရပ်ခိုင်းပြီး ဝိုင်ပုလင်းဂျပ်ဖာတွေတင်တယ်။မန္တလေးကဆိုင်ခွဲမှာယူမယ်ဆိုပြီး မေမြို့ကိုသွားတုန်းက ဝိုင်တွေရောင်းတဲ့ပင်ရင်းဆိုင်မှာငွေချေထားခဲ့တာတဲ့။

အဘိုးအဘွားတွေကိုလိုက်ပြီးစောင့်ရှောက်ပေး၊ချက်ပြုတ်ကျွေးမွေးပေးခဲ့ကြတဲ့ ကလေးတွေအတွက် မောင့်ရဲ့စပရိုက်လက်ဆောင်ပေါ့လေ။

သရက်ဝိုင်၊မက်မန်းဝိုင်နဲ့စပျစ်ဝိုင်ပုလင်းတွေကိုမြင်တဲ့အခါကလေးတွေကဝေးလို့ထအော်ကြတယ်။ဝိုင်ပုလင်းတွေထည့်ထားတဲ့ဂျပ်ဖာတွေကိုနေမင်းခန့်တို့ထိုင်တဲ့အနောက်ဆုံးခုံတန်းဆီရွှေ့ကြတာများပေါ့ပေါ့ပါးပါး။

မောင်ကငါးဆင့်စတီးချိုင့်ကြီးတစ်လုံးနေမင်းခန့်ကိုပေးပြီးအဲဒါအမြည်းလုပ်လိုက်ကြတဲ့။ဖွင့်ကြည့်လိုက်တော့ ကြက်သားကြော်၊ငါးဖယ်ဆုပ်ကျော်နဲ့လက်ဖက်သုပ်တွေအများကြီး။

နေမင်းခန့်နဲ့ကလေးတွေကလည်းညီသလားမမေးနဲ့။ဝိုင်ဂျပ်ဖာတွေကိုဖောက်ပြီး မန္တလေးကနေကားစထွက်ကတည်းကသောက်ကြတော့တာပါပဲ။ငါးဆင့်ချိုင့်ကြီးဖွင့်ပြီးအမြည်းတွေစားလိုက်ကြ၊သောက်လိုက်ကြပေါ့လေ။

ဆရာဝန်မလေးလည်းနေမင်းခန့်တို့အဖွဲ့ကိုအားကျသွားပုံပါပဲ။‌ရှေ့မှာထိုင်နေရာက နေမင်းခန့်တို့ခုံတန်းဆီပြောင်းလာပြီး ဝိုင်ပုလင်းကိုင်မော့တော့တာ။ဆယ်ဖာတိတိဝယ်ချလာတဲ့ဝိုင်ပုလင်းတွေကရွာအထိရောက်တာတောင်သောက်လို့ကုန်ပါ့မလားမသိဘူး။

ရွာဦးကျောင်းဆရာတော်ကတော့ရှေ့ဆုံးခုံမှာထိုင်တာမို့ နေမင်းခန့်တို့သောက်နေတာအတွက်သိပ်အားမနာရပေမဲ့ နေမင်းခန့်တို့ခုံအနီးအနားမှာထိုင်ကြတဲ့အဘိုးအဘွားတွေအတွက်တော့အားနာမိသား။

💕 မင်း ချစ်တဲ့ မောင်Donde viven las historias. Descúbrelo ahora