💕 - 15

985 38 1
                                    

✍️ Unicode

လယ်ကန်သင်းမှာစိုက်ထားတဲ့ထန်း‌ပင်တွေကြားမှာ နေရောင်ခြည်တွေပြေးလွှားနေကြတယ်။အပူရှိန်မရှိတော့တဲ့နေရောင်ခြည်တွေကို ထန်းပင်တွေကထွေးပွေ့ပေးထားကြတယ်။တစ်နေ့တာရဲ့နောက်ဆုံးနှုတ်ဆက်ချိန်မလား။

မနက်ဖြန်မှပြန်တွေ့ရမဲ့နေမင်းကိုငှက်ကလေးတွေကလည်းနှုတ်ဆက်နေကြပြန်တယ်။တစ်နေ့တာကိုအတူဖြတ်သန်းခဲ့ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ပေါ့။

ခပ်ဖြူးဖြူးလေးတိုက်နေတဲ့ညနေလေညင်းအောက်မှာလည်း စပါးပင်တွေကနွဲ့ယိမ်းရင်း နေမင်းကိုလက်ပြကြတယ်။မနက်ဖြန်မှပြန်တွေ့ကြမယ်ပေါ့လေ။

ရိတ်သိမ်းချိန်တန်ပြီဖြစ်တဲ့စပါးခင်းတွေကမြင်မြင်ရာမှာရွှေရောင်တွေဝင်းလို့။ပြည့်ဖောင်းနေတဲ့စပါးစေ့တွေအစီအရီနဲ့စပါးနှံတွေကထွက်ခွာသွားတော့မဲ့နေလုံးကြီးကိုမကြည့်ရက်ကြတဲ့ဟန်။ခေါင်းငိုက်စိုက်ချလို့။

မြင်မြင်ရသမျှကကဗျာဆန်ပြီးလှပနေကြပေမဲ့ နေမင်းခန့်မခံစားနိုင်သေးဘူး။လက်တစ်ဘက်စီမှာကောက်လှိုင်းတွေကိုင်ပြီးလယ်ကွက်ထဲကရွှံ့တွေထဲမှာ သိုင်းနင်းကွက်ကျလမ်းလျှောက်နေရတယ်။

ညတုန်းကအချိန်မဟုတ်အခါမဟုတ်မိုးတွေရွာတယ်။မိုးကတော်တော်သည်းသည်းကိုရွာပစ်တာမို့လယ်တွေထဲမှာရေတွေပြည့်ကုန်တယ်။

မရိတ်ရသေးတဲ့စပါးခင်းတွေကပြဿနာမရှိပေမဲ့ နေမင်းခန့်တို့လယ်ကွက်တော်တော်များများကရိတ်ပြီးသားဆိုတော့ ရေထဲရောက်နေတဲ့ကောက်လှိုင်းတွေကိုလယ်ကန်သင်းပေါ်သယ်ကြရတယ်။

မသယ်လို့လည်းမရဘူး။မသယ်ပဲနဲ့လယ်ထဲမှာဒီအတိုင်းထားလိုက်ရင် တစ်ရက်နှစ်ရက်ဆိုစပါးစေ့ကနေအညှောက်ကလေးတွေပေါက်လာရော။ဒီတော့စပါးတွေပျက်ကုန်တယ်။

နေမင်းခန့်တို့လယ်ကွက်တွေကတော်တော်များများရိတ်ပြီးကြပြီမို့ကောက်လှိုင်းတွေကိုလယ်ကန်သင်းပေါ်တင်ဖို့ နေမင်းခန့်တို့ချည်းမနိုင်တော့ဘူး။ဒီတော့ကောက်လှိုင်းတွေသယ်ကြဖို့အငှားသမားတွေခေါ်ရတယ်။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now