💕 - 14

940 33 0
                                    

✍️ Unicode

" ငရဲကြီးရှစ်ထပ်မှာ ပထမဆုံးငရဲကသိဉ္ဇိုးငရဲတဲ့… သူ့ရဲ့သက်တမ်းကနှစ်ပေါင်းငါးရာတဲ့… သိဉ္ဇိုးငရဲတစ်ရက်ကိုလူသက်နဲ့တွက်ရင်အနှစ်ကိုးသန်းကြာတယ်တဲ့…… "

" နင့်ဟာကဟုတ်ကောဟုတ်ရဲ့လားဟယ်…… "

မောင်ပြောနေတဲ့ငရဲအကြောင်းကို အရီးထွေးညိုကကြားဖြတ်မေးတယ်။မယုံလို့မေးတဲ့အသံမဟုတ်ပါဘူး။တစ်ခါမှမကြားဖူးလို့သေချာချင်တဲ့စိတ်နဲ့မေးတဲ့အသံမျိုးပါ။

" ဟုတ်ပါတယ်အရီးထွေးညိုရဲ့… ပဲခူးဆရာတော်ဦးတေ‌ဇောသာရကိုယ်တိုင်ဟောထားတာပါဗျ… အဲဒီငရဲကျခံရတဲ့ငရဲသားတွေဟာငရဲထိန်းတွေက ဓားတွေ၊သံလျက်တွေ၊ရဲတင်းတွေ၊ပုဆိန်တွေနဲ့နုပ်နုပ်ပါအောင်စင်းပစ်တာကိုခံကြရတယ်တဲ့… "

" ဒါဆိုတစ်ခါတည်းသေသွားမှာပေါ့နော်ဖေဖေ…… "

" အေးပေါ့သားငယ်ရဲ့… တစ်ခါတည်းသေသွားတာပေါ့… ဒါပေမဲ့ အကုသိုလ်ကံမကုန်သေးတဲ့အခါ နောက်တစ်ကြိမ်ငရဲသားပြန်ဖြစ်ပြီး ငရဲထိန်းတွေကနုပ်နုပ်စင်းတာကိုနောက်တစ်ခါပြန်ခံကြရတာပေါ့…… "

" အမလေး ကြောက်စရာကြီးဟယ်… "

အရီးထွေးညိုဆီကအသံဟာတကယ်တုန်လှုပ်သွားတဲ့အသံပါ။အမှန်ကတော့ဒီငရဲတရားကိုမောင်ကနေမင်းခန့်ကိုဟောချင်နေမှန်းသိသားပဲ။

ငရဲတရားစဟောဖြစ်ပုံရဲ့အစကဒီလို။တစ်နေ့ရွာထဲမှာအလှူရှိ‌‌တယ်။အလှူမှာငါးနှပ်ကျွေးမယ်ဆိုပြီးအလှူရှင်ကမြို့နဲ့အဆက်အသွယ်ရှိတဲ့‌နေမင်းခန့်ကိုငါးမှာခိုင်းတယ်။

ဒီတော့နေမင်းခန့်က ကားဆရာနဲ့ဆက်သွယ်ပြီးငါးမှာပေးလိုက်တယ်။အဲဒီမှာကားဆရာက ငါးတွေကိုမှာတာထက်ပိုပါလာခဲ့ပါလေရော။ငါးရောင်းတဲ့ဆိုင်ရှင်ကအရမ်းရောင်းချင်တော့အတင်းတွေရော၊ဇွတ်တွေရောထည့်ပေးတာတဲ့လေ။

ကားဆရာနဲ့ဆိုင်ရှင်ကလည်းအရမ်းခင်နေတော့ မငြင်းသာလို့ပါဆိုပြီး ငါးတွေကမှာတဲ့အချိန်ထက်ပိုပါလာခဲ့ပါလေရော။ကားဆရာကတော့တောင်းပန်ပါတယ်။ဘယ်လိုမှအဆင်မပြေရင်လည်းသူပဲယူသွားလိုက်ပါ့မယ်တဲ့။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now