💕 - 19

731 27 0
                                    

✍️ Unicode

ဒီနေ့တော့ဆိုင်ထဲကိုသန့်ရှင်းရေလုပ်ကြရတယ်။သန့်ရှင်းရေးဆိုတာထက် ဆိုင်ထဲကအရင်ကောင်တာတွေကို မှန်ကောင်တာတွေနဲ့လဲပစ်လိုက်တာပါ။

ချိန်ခွင်နဲ့ချိန်ပြီးရောင်းရတဲ့ကြက်သွန်နီ၊ဆီ၊ဆား၊ငပိလိုမျိုးကုန်ပစ္စည်းတွေကို နေမင်းခန့်အသားငါးရောင်းခဲ့တဲ့ဆိုင်ကလေးကိုပြင်ပြီးအဲဒီကိုပို့လိုက်တယ်။

ပြီး‌တော့မှဆိုင်ကအလုပ်သမားလေးတစ်ယောက်ကိုအဲဒီဆိုင်ကလေးမှာသွားရောင်းခိုင်းတယ်။ဒါပေမဲ့ အလုပ်သမားလေးကသွားရောင်းရတာခပ်ရှားရှားပါ။အရီးထွေးညိုနဲ့အေးသီကရောင်းတာများများပါ။ဆိုင်ချင်းကလည်းကပ်နေတာကိုး။

ဆိုင်ထဲမှာတော့ ချိန်ပေးရတဲ့ပစ္စည်မျိုးမဟုတ်ဘဲ ထုတ်ပိုးပြီးသားပစ္စည်းတွေပဲထားတော့တယ်။အလှကုန်တွေ၊စာရေးကိရိယာတွေ၊အဝတ်အထည်တွေနဲ့လူသုံးကုန်ပစ္စည်းတွေကိုစုံအောင်တင်ထားလိုက်တယ်။

နေမင်းခန့်တို့ရှာလို့ရတဲ့ငွေနဲ့ဆိုရင်တော့ အိမ်ဆောက်တာကနေဒီလိုအခြေအနေထိရောက်မလာလောက်ပါဘူး။ဘိုးညီပိုင်တဲ့လယ်တွေယာတွေကိုရောင်းပစ်လိုက်လို့သာဒီလိုတွေဖြစ်လာတာ။

ကိုယ်တိုင်မလုပ်နိုင်တဲ့အတူတူ ပိုင်ဆိုင်တဲ့လယ်ယာတွေအကုန်ရောင်းပစ်လိုက်ဖို့အထိဘိုးညီကလုပ်သေးတာ။အိမ်အနောက်ဘက်ကလယ်တောကိုတောင်နေမင်းခန့်စိတ်ကူးထဲမှာလုပ်ချင်တာတစ်ခုရှိသေးတာမို့ချန်ခိုင်းထားရခဲ့တာ။

အိမ်အတွင်းထဲကိုသေချာပြင်ဆင်လိုက်တော့ဆိုင်ကတော်တော်ကိုသားနားသွားတော့တာပဲ။မျက်စိထဲအေးအောင်ဆိုပြီးအပြာနုရာင်သုတ်ထားတဲ့ဆိုင်နဲ့တွဲရက်တိုက်အိမ်ကလေးကဈေးဝယ်သူတွေကိုလာချင်အောင်ဆွဲဆောင်နေပါရောလား။

သစ်ပင်အကြီးကြီးတွေကြားထဲမှာအိမ်ကလေးကိုမြင်နေရတာကမှော်ဆန်နေသလိုမျိုး။အိမ်ရှေ့မှာစိုက်ထားတဲ့ပန်းပင်လေးတွေနဲ့ပနာရပြီးကြည့်လိုက်တိုင်းချစ်စရာကောင်းနေတော့တာမျိုး။

ထမင်းဆိုင်နဲ့လက်ဖက်ရည်ဆိုင်ကလည်း ဆိုင်နဲ့မီးဖိုကိုတွဲထားတာမျိုးမဟုတ်လို့သပ်သပ်ရပ်ရပ်ဖြစ်နေရော။မောင်ကဧည့်သည်ရှင်းသွားတိုင်းသန့်ရှင်းရေးလုပ်ခိုင်းတာမို့အမှိုက်တစ်စရယ်လို့လည်းမမြင်ရ။

💕 မင်း ချစ်တဲ့ မောင်Where stories live. Discover now