💕 - 25

750 26 0
                                    

✍️ Unicode

" သားနဲ့သမီးရေ… လာ ဖေ‌မင်းဆီကိုလာကြ… ရွာထဲကိုအလည်သွားကြရအောင်… "

ဆီးပူအိုးထဲကိုမုန့်ထည့်ကြော်ဖို့လုပ်နေတဲ့သမီးကလက်ထဲကမုန့်နှစ်ကိုမုန့်နှစ်ဇလုံကြီးထဲပစ်ထည့်ပြီးနေမင်းခန့်ဆီကို ထိုင်နေရာကထပြေးလာတယ်။

သားငယ်ကတော့လက်ထဲကစားလက်စမုန့်တစ်ခုအပြင်နောက်တစ်ခုကိုနှိုက်ယူပြီးမှ ရွာထဲကိုမလိုက်ချင့်လိုက်ချင်ပုံစံနဲ့နေမင်းခန့်ဆီဖြည်းဖြည်းလျှောက်လာတယ်။

ကြော်နေတဲ့မုန့်ကသားငယ်အကြိုက်မုန့်ဖြစ်နေတာကိုး။ဆန်ကိုထောင်းထားတဲ့မုန့်နှစ်နဲ့ပဲစေ့ရောပြီးကြော်ထားတဲ့မုန့်ဆိုသားငယ်ကအလွန်ကြိုက်။

ဒီနေ့ကအဖိတ်နေ့။မနက်ဖြန်ဆိုဝါဆိုလပြည့်နေ့။လပြည့်နေကြရင်ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ ရွာထဲကသက်ကြီးရွယ်အိုအိမ်တွေကိုဆွမ်းပို့ဖို့ ဒီနေ့မှာမြတမာတစ်ရွာလုံးသူ့အိမ်ကိုယ့်အိမ်မုန့်ကြော်ကြတော့တာ။

မုန့်ဆီကြော်၊မုန့်လက်ခတ်၊ပဲစေ့မုန့်၊မုန့်ချိုစွန်း၊မုန့်ခေါက်ချိုး၊မုန့်ဝမ်းကြီး၊မုန့်လုံးကြီးလိုမျိုးနာမည်တွေအစုံနဲ့မြန်မာမုန့်တွေကြော်လိုက်ကြတာမှစုံလို့။

မုန့်ကြော်တာကိုလည်းမီးဖိုထဲမှာကြော်ကြတာမဟုတ်ဘူး။ရွာလမ်းမနဲ့နီးတဲ့အိမ်ခြံစည်းရိုးနာမှာမီးခွင်လုပ်ပြီးကြော်ကြတာ။ကြော်ထားတဲ့မုန့်ကလည်းနည်းနည်းနောနောမဟုတ်ဘူး။

ဆွမ်းတင်နတ်တင်ဦးဦးဖျားဖျားမုန့်ကိုချန်ထားပြီးရင်ကျန်တဲ့မုန့်ကတော့လာသမျှလူစားပေရော့ဆိုတဲ့အထဲက။မုန့်စားရင်းရေနွေးသောက်စေဖို့ မုန့်ကြော်နေတဲ့နားမှာရေနွေးပွဲတောင်အဆင်သင့်ချထားလိုက်သေး။တချို့အိမ်တွေဆိုတခြားအမြည်းတွေတောင်လုပ်ထားတတ်သေးတာ။

ရွာထဲကိုလမ်းလျှောက်သွားလိုက်ရင်တစ်ရွာလုံးမုန့်ဆီ‌ကြော်နံ့နဲ့မွှေးနေရော။ဒီလိုနေ့ဆိုရွာကလူတွေအကုန်လုံးနီးပါးအလုပ်နားကြတော့တာပေါ့။တောထဲကိုကျွဲကျောင်းနွားကျောင်းကစမသွားကြတော့ဘူး။မြက်ရိတ်ပြီးအိမ်မှာပဲကျွေးထားလိုက်ကြတော့တာ။

💕 မင်း ချစ်တဲ့ မောင်Onde histórias criam vida. Descubra agora